ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၆ဦးသေဆုံး

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၆ရက်နေ့က ကိုဗစ်လူနာ (၆)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာ ကိုဗစ် ရောဂါနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၆)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၄၂)ဦးအပါအ၀င် စုစုပေါင်း (၁၀၅၂)ဦးထိရှိလာပြီ ဖြစ်ပါတယ်။