တန့်ဆည်မြို့က ဒလန်သတင်းပေး သေနတ်နဲ့ပစ်ခံရပြီး သေ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

တန့်ဆည်မြို့မှာ ဩဂုတ်လ ၁၆ရက်နေ့ နံနက် ၉နာရီခန့်က တန့်ဆည်မြို့ ကြံဖွံပါတီဥက္ကဌရဲ့ ညီဖြစ်သူ မေတ္တာမြိုင်ရပ်ကွက်နေ ဇီဝကဆေးဆိုင်ပိုင် ကိုနေမျိုးအောင်ကို အမည်မသိသူ ၃ဦးကဆေးဆိုင်အတွင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့လူက ဒလန်လို့ နာမည်ကြီးနေတဲ့သူ၊ စစ်တပ်ကားနဲ့ လျှောက်သွားနေတာ၊ လူသုံးယောက်က သူ့ဆိုင်ထဲဝင်ပြီး သေနတ်နဲ့ပစ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တန့်ဆည်မြို့မှာ ဒီကနေ့ နံနက် ၈နာရီခန့်ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း မိုင်းခွဲ အတိုက်ခံခဲ့ရပြီး စစ်အုပ်စုအဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။