သုံးခွမြို့ပေါ် အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ပြီ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊သုံးခွမြို့ပေါ်ရဲ့ အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ဆိုင်းသွားပြီလို့ သိရပါတယ်။

သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ခုရှိတဲ့အနက် ယမန်နေ့နေခင်းပိုင်းအထိ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သာ နုတ်ထွက်ဖို့ကျန် ခဲ့ရာက အခုအခါ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း နုတ်ထွက်သွားခဲ့ပြီလို့ ဒေသခံ နွေဦးတော်လှန်ရေးစာမျက်နှာ TGA News Channel က ဒီနေ့ဖော်ပြပါတယ်။

၆ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ တာဝန်ထမ်းဆောင်လိုစိတ်မရှိလို့နုတ်ထွက်ခွင့်ပြုဖို့ အောက်တိုဘာ၁၁ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးကောင်စီသို့တင်ပြထားတဲ့စာကို TGA News Channel မှာဖော်ပြ ထားပါတယ်။

‘၆ရပ်ကွက်အုပ်ကြီးမှာ နုတ်ထွက်ဖို့ကျန်တာ။သူနုတ်ထွက်တာဒီနေ့မနက်မှသိကြတယ်။သုံးခွသမိုင်းမ ရိုင်းဘူးဆိုတာ ပြောပြလိုက်တာပေါ့။သုံးခွသားတွေအကုန် ပျော်နေကြတယ်’လို့ သုံးခွမြို့၂ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

သုံးခွမြို့နယ်ထဲမှာ ရွာပေါင်း၆၄ရွာရှိတဲ့အနက် ရွာအုပ်ချုပ်ရေးမှူး၁၅ဦးသာနုတ်ထွက်ပါသေးတယ်။

‘ပြည်သူကိုဂရုမစိုက်ဘူး၊စစ်တပ်ကိုပဲ အဖေတော်ချင်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးရာထူးကနေမထွက် တဲ့လူတွေကိုတော့ သုံးခွပြောက်ကျားတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပဲ စကားပြောတော့မယ်ထင်တယ်’လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာ၇ရက်နေ့ မနက်စောစောပိုင်းက သုံးခွမြို့ပေါ်ရှိ လျှပ်စစ်ရုံးနဲ့ အခွန်ရုံးတို့ကို Thongwa Youth Force (TYF) က လူထိခိုက်ခြင်းမရှိအောင်သတိပေးဖောက်ခွဲခဲ့ပါတယ်။