ဒလန်လို့နာမည်ကြီးတဲ့ကွမ်းယာဆိုင်မှာ ဗုံးပေါက်

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့ ၊၁၂ ရက်ကွက် မာလာလမ်းထိပ်က ကွမ်းယာဆိုင်မှာ ဒီကနေ့အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီ ကျော်ကဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။

ကွမ်းယာဆိုင်ပိုင်ရှင် ဇော်ဝင်းဆိုသူဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေပြုလုပ်စဥ်အချိန်ကတည်းက ရဲသတင်းပေးလုပ်နေတာလို့ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးကကွမ်းယာဆိုင်မှာပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိပဲဆိုင်ပစ္စည်းအချို့သာပျက်စီးသွားပြီး မပေါက်သေးတဲ့ဗုံးတစ်လုံးလဲတွေ့ခဲ့တယ်လို့သိရပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာ စစ်အုပ်စုက ကွမ်းယာဆိုင် အနီးကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပြီး မပေါက်ကွဲပဲကျန်ရှိနေတဲ့ ဗုံးတစ်လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။