စစ်အုပ်စုခန့်အပ်တဲ့ မြန်မာသံဝန်ထမ်းသစ်တွေကို ဂျပန်အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

အာဏာသိမ်းစစ်အုပ်စုက အစားထိုးခန့်အပ်လိုက်တဲ့ သံတမန်ဝန်ထမ်းသစ်နှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်အစိုးရက ငြင်းပယ်လိုက်တယ်လို့ ဂျပန်အစိုးရအရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ CDM လုပ်လို့ ရာထူးက ဖယ်ရှားခံထားရတဲ့ သံတမန်နှစ်ဦးနေရာမှာ အစားထိုး ခန့်အပ်ဖို့ စစ်အုပ်စုက စေလွှတ်တဲ့သူနှစ်ဦးကို အခုလိုပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆိုလိုက်တာပါ။

အသစ်ခန့်အပ်တဲ့သံဝန်ထမ်းနှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ဂျပန်အစိုးရကို မြန်မာစစ်အုပ်စုကက တောင်းဆိုထားပြီး ဒီကိစ္စကို စဉ်းစားနေတယ် ဂျပန်ဘက်က တုံ့ပြန်ထားပေမယ့် ဗီဇာထုတ်ပေးမယ့်အစီအစဉ်ကို မစရသေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဂျပန်နိုင်ငံက ကနေ့အချိန်အထိ အသိအမှတ် ပြုမထားသေးပါဘူး။

CDM လှုပ်ရှားမှုမှာပါဝင်လို့ ရာထူးက ဖယ်ရှားခံထားရတဲ့ သံဝန်ထမ်းနှစ်ဦးကို ဂျပန်အစိုးရက သံတမန်တွေအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ သံတမန်နှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုရာ ရောက်သွားလိမ့်မယ်လို့လည်း ဂျပန်အခြေစိုက် Mainichi မိုင်းအိနိချိ သတင်းက ရေးသားခဲ့ပါတယ်။