လှိုင်သာယာက ဒလန်လို့ နာမည်ကြီးသူ သေနတ်နဲ့အပစ်ခံရပြီး သေ 

၂၊ စက်တင်ဘာလ ၊ ၂၀၂၁။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုံရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်မှာ စက်တင်ဘာလ ၂ရက်နေ့ နံနက် ၈နာရီခန့်က အကြမ်းဖက်စစ်အုပ်စုက ခန့်ထားတဲ့ အမှတ်(၂၀)ရပ်ကွက် မင်းကျော်စွာ ၇လမ်းနေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် (၁) ဖြစ်သူ ဒလန်လို့ နာမည်ကြီးနေတဲ့ ဦးတင်မောင်ဝင်းကို အမည်မသိသေနတ်သမားက လာရောက်ပစ်ခတ်သွားတာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ဦးတင်မောင်ဝင်း သေဆုံးမှုကို အကြမ်းဖက်စစ်အုပ်စုက လာရောက်စစ်ဆေးစဉ် ဗုံး ၂လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး

စစ်အုပ်စုက အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့အပစ်ခံရသူ ဦးတင်မောင်ဝင်းဟာ စစ်အုပ်စုရဲ့ သတင်းပေးတစ်ဦးဖြစ်ပြီး သူ့ကြောင့် ဖမ်းဆီးခံရသူ လူငယ်များစွာ ရှိခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-HTY Information