၂၇၊ ဩဂုတ်လ၊ ၂၀၂၁။
မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂လမ်းမှာ ဩဂုတ်လ ၂၆ရက်နေ့ ည၈နာရီခန့်က နွားနို့ရောင်းနေတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။
“ညပိုင်းမှာ စစ်တပ်က သူတို့ကိုဆဲသွားတယ်ဆိုတဲ့ သူတစ်ယောက်ကို လိုက်ရှာတယ်၊ ရှာရင်းနဲ့ မဲမဲမြင်သမျှ အကုန်ပစ်တာ၊ ပစ်တဲ့အချိန်ကျတော့ အကုန် အိမ်တွေထဲဝင်ပြီး ငြိမ်နေကြတာပေါ့၊
သူတို့ထွက်သွားပြီးတော့ ဘေးလမ်းက နွားနို့ရောင်းတဲ့ ကောင်လေးပျောက်နေလို့ လိုက်ရှာတော့ နောက်ဖေးလမ်းကြားထဲမှာ လည်ပင်းကို သေနတ်မှန်ပြီး သေနေတာတွေ့တယ်”လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပစ်ခတ်မှုတွေ ဖမ်းဆီးမှုတွေကို နေ့စဉ်လုပ်ဆောင်လာနေပါတယ်။