မြဝတီမှာ ဗုံးတစ်လုံးပေါက်

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။

မြဝတီမြို့ အမှတ် ၅ရပ်ကွက် ရွှေဝါရင်လမ်းနဲ့ သုခ (၂)လမ်းထောင့်မှာ ဩဂုတ်လ ၂၇ရက်နေ့ မနက် ၆နာရီ ၃၀မိနစ်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

“ပလက်ဖောင်းဘေး မြက်တွေထဲမှာ ပေါက်တာ၊ ရပ်ထားတဲ့ ကားတစ်စင်းတော့ မှန်ကွဲသွားတယ်၊ တခြား ထိခိုက်မိတော့ မရှိဘူး၊

ဘယ်သူလုပ်တာလဲဆိုတာတော့ မသိရဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွါးတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။