ခရမ်းဟာ မြန်မာ့ပထမ အုပ်ကြီးကင်းစင်မြို့အဖြစ် စံချိန်တင်

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ဆိုင်း သွားတဲ့ ပထမဆုံးမြို့ဖြစ်တယ်လို့ သုတေသနရလဒ်တွေအရ သိရပါတယ်။

ယမန်နေ့ကစပြီး ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်သွားပြီလို့ ခရမ်းမြို့နယ်ကြား ကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ရဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သလို အကြမ်းဖက် စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေတာနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်နေတဲ့ Datawrapper ဝက်ဘ်ဆိုဒ်တာဝန်ရှိသူကလည်း သူတို့ရရှိထားတဲ့အချက်အလက်တွေအရ ခရမ်းဟာ မြန်မာ့ပထမဖြစ်တယ်လို့ ဆိုပါတယ်။

‘မနေ့ကစလို့ အုပ်ချုပ်ရေးမှူးတွေအကုန် နုတ်ထွက်သွားကြပါပြီ’လို့ ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့(ယာယီ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ၃၀ရက်နေ့မှာ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခရမ်းအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အောက်တိုဘာ၁၈ရက်နေ့ နောက် ဆုံးထားနုတ်ထွက်ကြဖို့ ရာဇသံပေးပြီးနောက် နေ့စဉ်နုတ်ထွက်ခဲ့ကြတာ ပါ။

အောက်တိုဘာ၁၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုဖွဲ့စည်းလိုက်ပြီး ရန်ကုန်တိုင်းအတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။

Delta News Agency

Read Previous

အက်သလက်တီကို ကြယ်ပွင့် ဂျာအိုဖီးလစ်ကို ပေါင် ၆၈ သန်းပေးပြီး ခေါ်ယူဖို့ လီဗာပူးလ်အသင်း စိတ်ဝင်စား

Read Next

YDF ထီးလင်းထံ ပျူစောထီးအဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်