အက်သလက်တီကို ကြယ်ပွင့် ဂျာအိုဖီးလစ်ကို ပေါင် ၆၈ သန်းပေးပြီး ခေါ်ယူဖို့ လီဗာပူးလ်အသင်း စိတ်ဝင်စား

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

လီဗာပူးလ်အသင်းဟာ စပိန်ကလပ် အက်သလက်တီကိုအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ပေါင် ၆၈ သန်းအသုံးပြုပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အက်သလက်တီကို ကြယ်ပွင့်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနဲ့အတူ ထွန်းတောက်ခဲ့ပေမယ့် စပိန်မြေအရောက်မှာတော့ သူဟာ ရုန်းကန်းခဲ့ရပါတယ်။ 

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းကို ရောက်ရှိခဲ့တဲ့ ဂျာအိုဖီးလစ်အနေနဲ့ လက်ရှိအသင်းအတွက် ပြိုင်ပွဲစုံ ၈၁ ပွဲ ကစားထားပြီး သွင်းဂိုး ၁၉ ဂိုး သွင်းယူပေးထားပါတယ်။

ဒါပေမဲ့ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ဒီထက်ပိုမိုတဲ့ ပွဲထွက်ကစားခွင့်တွေကို အလိုရှိနေတာကြောင့် လီဗာပူးလ်အသင်းဟာ ဒီအခွင့်အရေးကို အသုံးချပြီး လာမယ့် အပြောင်းအရွှေ့စျေးကွက်အတွက် ကစားသမားကို ပစ်မှတ်ထားလာခဲ့တာပါ။

ဒါအပြင် အသင်းမှာရှိနေတဲ့ တိုက်စစ်မှူး ဆာလားကိုလည်း လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းထပ်တိုးဖို့ ကြိုးပမ်းနေပါတယ်။ 

၂၀၂၂-၂၀၂၃ ခုနှစ် ရာသီကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်တော့မယ့် ဆာလားကို လီဗာပူးလ်ပရိသတ်တွေက ဂျာအိုဖီးလစ်နဲ့အတူ တွဲကစားဖို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဆာလားကတော့ သူ့ရဲ အနာဂတ်အတွက် လက်ရှိအချိန်ထိ လွတ်လွတ်လပ်လပ် ဆုံးဖြတ်သွားဖို့ ရည်ရွယ်ထားပါတယ်။ 

The Sun သတင်းကတော့ ဂျာအိုဖီးလစ်အတွက် အသုံးပြုမယ့် ငွေကြေးဟာ အက်သလက်တီကိုအတွက်လည်း လက်ခံနိုင်စရာရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 

Delta News Agency

Read Previous

ကိုဗစ်မူလဇစ်မြစ်ကို ရှာဖွေဖို့ နောက်ထပ် ပညာရှင် ၂၆ ဦးရဲ့ အမည်စာရင်း WHO တင်သွင်း

Read Next

ခရမ်းဟာ မြန်မာ့ပထမ အုပ်ကြီးကင်းစင်မြို့အဖြစ် စံချိန်တင်