ခရမ်းမြို့နယ်က ရွာ၇ရွာကို မီတာမဆောင်လို့ စစ်အုပ်စုမီးဖြတ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း မီတာခမဆောင်လို့ ရွာလုံးကျွတ်မီးဖြတ်ခံရတဲ့ရွာ၇ရွာ ရှိပြီ လို့သိရပါတယ်။

အဲဒီရွာ၇ရွာမှာ တမံကြီးရွာ၊ပိန်းကန်ရွာ၊ပန်းတောချောင်ရွာ၊ကမာဖလိန်းရွာ၊ထိန်ပင်ကွင်းရွာ၊အုတ်ဖိုရွာနဲ့ ဝန် လေးဝရွာ တို့ဖြစ်ပြီး ဒီစာရင်းဟာ ခရမ်းချန်နယ်က အတည်ပြုရရှိထားတဲ့စာရင်းဖြစ်တယ်လို့ သိရပါတယ်။

‘လျှပ်စစ်ရုံးက ဘယ်အိမ်ကိုမှမလာဘူး။မီတာလည်းလာမဖတ်ဘူး။ပြီးတော့ မီတာခဆိုပြီး မီတာစာရွက်လာ တော့ ၇လစာတွေ ၁၀လစာတွေ။စစ်ခွေးတွေက ပြည်သူတွေသူတို့ကိုမထောက်ခံတော့ မထောက်ခံရကောင်း လားဆိုပြီး ပြန်ဒုက္ခပေးနေတဲ့သဘောပါ’လို့ ခရမ်းမြို့နေပြည်သူတစ်ဦးကပြောပါတယ်။

မီးဖြတ်ခံရတဲ့ ရွာ၇ရွာစလုံးက ကျေးရွာအထိုင်ထရန်စဖော်မာတွေကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးခဲ့ကြ ပြီး ပိန်းကန်ရွာတစ်ရွာသာ နိုဝင်ဘာ၂၄ရက်နေ့က လျှပ်စစ်မီးပြန်ရတယ်လို့ ခရမ်းချန်နယ်ကဆိုပါတယ်။

ပိန်းကန်ရွာကို နိုဝင်ဘာ၁၆ရက်နေ့ကမီးဖြတ်တောက်ခဲ့ပြီးနောက် နိုဝင်ဘာ၂၃ရက်နေ့ ည၁၁နာရီခွဲမှာ မီးပြန် ပေးခဲ့ပါတယ်။မီးပြန်ပေးရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ယမန်နေ့မနက်၁၁နာရီကနေမွန်းလွဲ၁နာရီကြားမှာ ပန်းတောချောင်ရွာ၊ကမာဖလိန်းရွာ၊ထိန်ပင်ကွင်းရွာ၊အုတ် ဖိုရွာနဲ့ ဝန်လေးဝရွာတို့ ကိုမီးဖြတ်တောက်ခဲ့ပါတယ်။

ခရမ်းမြို့ပေါ်ရပ်ကွက်တွေကိုမူ မီတာစာရွက်လာပေးပြီး မီတာခမဆောင်သူများပေမဲ့ မီးဖြတ်တာမျိုးမရှိသေးပါဘူး။