ဘုရင့်နောင်တံတား အမှတ်(၂)အဆင်းက စစ်အုပ်စုရဲကင်းတစ်ခု အပစ်ခံရ သေဆုံးသူရှိ

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။

ဘုရင့်နောင်တံတား အမှတ်(၂) လှိုင်သာယာမြို့နယ်ဘက် အခြမ်းမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲကင်းတစ်ခုကို ဩဂုတ်လ ၂၂ရက်နေ့ နံနက် ၈နာရီခန့်က အမည်မသိသေနတ်သမားတစ်ဖွဲ့က ကားနဲ့လာရောက် ပစ်ခတ်သွားတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

“ရဲတစ်ယောက်သေပြီး ဒဏ်ရာရတဲ့သူ တော်တော်များတယ်ပြောတယ်၊ ကားပေါ်ကနေ မှန်ချပြီး လှမ်းပစ်သွားတာ၊ အခုထိ လမ်းတွေပိတ်ထားပြီး စစ်ဆေးတာတွေ လုပ်နေတုန်းပဲ”လို့ အနီးဝန်းကျင်ကို ရောက်ရှိနေတဲ့ မော်တော်ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဝင် ရဲတွေ ဘယ်လောက်သေပြီး ဘယ်လောက် ဒဏ်ရာ ရရှိတယ်ဆိုတာတော့ သီးခြားအတည်ပြုဆဲပဲဖြစ်ပါတယ်။