ရန်ကုန်တိုင်းအတွင်း ခရမ်းဟာ အုပ်ကြီးအကင်းစင်ဆုံးမြို့အဖြစ် ထင်ရှား

၁၂၊ အောက်တိုဘာလ ၊၂၀၂၁။

ခရမ်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အကင်းစင်ဆုံး မြို့အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီလို့သိရပါတယ်။

ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အောက်တိုဘာ၃ရက်နေ့ရက်စွဲနဲ့ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက် ကြဖို့ ပြင်းပြင်းထန်ထန်သတိပေးပြီးနောက် အောက်တိုဘာ၆ရက်ကနေ ၁၁ရက်နေ့အထိ ၅ရက်တာအတွင်း ရပ် ကျေးအုပ်ချုပ်ရေးမှူး၅၂ဦးနုတ်ထွက်ခဲ့ပြီးနောက် အောက်တိုဘာ၁၁ရက်နေ့မှာ နောက်ထပ်၄ဦးထပ်မံနုတ်ထွက်ခဲ့ တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ Khayan Channel ကဖော်ပြပါတယ်။

‘ခရမ်းမြို့ပေါ်၁၃ရပ်ကွက်စလုံးက အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ပြီးပြီ။ခရမ်းမှာ စုစုပေါင်း၅၆ရွာမှာ ၃၉ရွာနုတ် ထွက်ပြီးပြီ’လို့ ခရမ်းမြို့ခံတစ်ဦးကပြောပါတယ်။

ခရမ်း PDF က အောက်တိုဘာ၁၈ရက်နေ့ နောက်ဆုံးထားနုတ်ထွက်ကြဖို့ သတိပေးထားပြီး အာခံတဲ့ စစ်အုပ်စု ခန့်အုပ်ချုပ်ရေးမှူးတွေရဲ့ ကံကြမ္မာကို PDFတွေက ဆက်လက်ရေးသားပေးလိမ့်မယ်လို့လည်း သူကပြောပါတယ်။

ဒလမြို့နယ်PDF ခေါင်းဆောင်တစ်ဦးက ‘ခရမ်းဟာ ရန်ကုန်တိုင်းထဲမှာ အုပ်ချုပ်ရေးယန္တယား ၉၀ရာခိုင်နှုန်း လောက်ရပ်သွားတဲ့ စံပြမြို့တစ်မြို့ပဲ’လို့ မှတ်ချက်ပေးပါတယ်။

ခရမ်းမြို့ပေါ်အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်သွားပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်အုပ်စုက အုပ်ချုပ်ရေးမှူး အသစ်တွေထပ်ခန့်ထားတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ Delta News Agency အနေနဲ့ အတည်မပြုနိုင်သေးပါ ဘူး။

ယမန်နေ့ည ၆နာရီမိနစ်၄၀လောက်က ခရမ်းမြို့နယ်၊၁ရပ်ကွက်၊ကံသာကျောင်း Mytelတာဝါတိုင်အနီး ဗုံးပေါက်ကွဲခဲ့ပြီး ပျက်စီးထိခိုက်မှုကို စုံစမ်းနေဆဲလို့ ခရမ်းချန်နယ်က စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ယမန်နေ့ည ၁၁နာရီကျော်လောက်ကလည်း ခရမ်းမြို့ပေါ်မှာ အသံကျယ်လောင်တဲ့ပေါက်ကွဲသံကိုကြားရပေမဲ့ ဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ ခရမ်းမြို့သားတစ်ဦးကဆိုပါတယ်။

ခရမ်းမြို့နဲ့ဆက်လျက် ပဲခူးတိုင်း၊သက္ကလမြို့က ဒလန်အုပ်ချုပ်ရေးမှူးအဖြစ်နာမည်ကြီးနေသူကို ကဝပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေက ယမန်နေ့နံနက်ပိုင်း ၁၁နာရီခွဲလောက်မှာ ရှင်းပစ်လိုက်ပါတယ်။