တွံတေးမြို့နယ် မီးသတ်စခန်း ဗုံးသီးနဲ့ အပစ်ခံရ

ရန်ကုန်တိုင်း တွံတေးမြို့နယ် မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို တွံတေး PDF က ၄၀မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ခရိုင်ရဲဘော်တွေနဲ့ တွံတေး PDF တို့ ပူးပေါင်းပြီး နန်းထိုက်အောင် စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို သိရပါတယ်။
ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုက ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုတွေအပြီး အကြမ်းဖက်စစ်အုပ်စုက တွံတေးမြို့ပေါ်မှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။