တွံတေးမှာ စစ်အုပ်စုသတင်းပေးဆိုသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်တိုင်း တွံတေးမြို့နယ် ဘုရားကြီးကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေတယ်ဆိုတဲ့ ကိုကျော်စိုးကို တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းအရေးယူခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ ရှင်းလင်းအရေးယူခဲ့တာဖြစ်တယ်လို့ တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ကိုကျော်စိုးဟာ စစ်အုပ်စုနဲ့ ပူးပေါင်းကာ ဘုရားကြီးကျေးရွာ သပိတ်ခေါင်းဆောင်နေအိမ်ကို အကြမ်းဖက်စီးနင်းရာနဲ့ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးနိုင်ဖို့ အဓိကသတင်းပေးအဖြစ်ဆောင်ရွက်ခဲ့ပြီး စစ်အုပ်စုက လုပ်ဆောင်တဲ့ သတင်းပေးဒလန်အစည်းအဝေးကို မြို့နယ်နဲ့ တိုင်းအဆင့်ထိ တက်ရောက်သတင်းပေးတာ၊ ကျေးရွာနေပြည်သူတွေကို ဖိနှိပ်တာတွေ လုပ်ဆောင်နေသူဖြစ်တာကြောင့် အခုလို ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံအားပေး ကူညီနေသူတွေကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။