ဒေသအလိုက် သတင်းကဏ္ဍ

ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံအထူးသံတမန် ဘယ်သူ့ကိုမဆို တွေ့နိုင်အောင် စစ်အုပ်စုစီစဉ်ပေးဖို့ အီးယူတောင်းဆို

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန် တွေ့ဆုံလိုတဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာတွေ့ဆုံနိုင်အောင် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့စပ်လျဉ်းပြီး ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

၁၃၊ အောက်တိုဘာလ၊၂၀၂၁။ စစ်ကိုင်းတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။ အောက်တိုဘာ၁၁ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၁၆၂ဉီး နုတ်ထွက်ထားပြီး ဒုတိယအများဆုံးကတော့ ၉၇ဦးနုတ်ထွက် ထားတဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။ တတိယအများဆုံးမှာ ၅၈ဦးနုတ်ထွက်ထားတဲ့မကွေးတိုင်းဖြစ်ပြီး ပဲခူးတိုင်း-အယောက်၂၀၊ ကရင်ပြည်နယ်၁၀ဦး၊ရခိုင်ပြည်နယ်-၇ဦး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

၁၃၊အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတပ်ဟာ တင့်ကားအပါအဝင်စစ်အင်အားအများအပြားနဲ့ ချင်းပြည်နယ်၊ဖလမ်း မြို့ကို ရောက်ရှိလာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေတက်လာတဲ့ စစ်ကားအစီး ၅၀ ဟာ လမ်းမှာ ၂ ညအိပ်ပြီးနောက် မနေ့ညက ဖလမ်းမြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ ဒီမနက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းအတွင်း ပထမဦးဆုံးအနေနဲ့ ခရမ်းမြို့နယ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုဖွဲ့စည်းလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုအောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ခရမ်းမြို့နယ်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ကကြေညာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သူရဘွဲ့ရတပ်ကြပ်  ပြည်သူ့ရင်ခွင်သို့ ခိုဝင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ခမရ(၅)အင်းမ၊တမခ(၆၆)က သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်လာပြီး လွတ်မြောက်နယ်မြေသို့ရောက်ရှိ‌နေပြီလို့သိရပါတယ်။ တပ်ကြပ်ဇွဲမာန်ဟာ လောက်ကိုင်နဲ့ ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် သူရဘွဲ့ရရှိခဲ့တဲ့ စစ်သက်အငယ်ဆုံးနဲ့ တပ်ကြပ်ရာထူးရရှိခဲ့သူဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံအထူးသံတမန် ခရီးစဉ်ပျက်တာ ဘာကြောင့်လဲ?

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ နိုင်ငံရေးသိက္ခာမရှိတဲ့ စစ်အုပ်စုရဲ့ ဗလောင်းဗလဲ နိုင်မှုတွေကြောင့် အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို စီစဉ်ထားပြီးမှ ဖျက်လိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန်အီရာဝန် ယူဆွတ်ဟာ ဒီနေ့မွန်းလွဲပိုင်းမှာ နိုင်ငံရေးပါတီအ ချို့နဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးဖို့ချိန်းဆိုထားပြီးမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်လို့နာမည်ကြီးတဲ့ကွမ်းယာဆိုင်မှာ ဗုံးပေါက်

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့ ၊၁၂ ရက်ကွက် မာလာလမ်းထိပ်က ကွမ်းယာဆိုင်မှာ ဒီကနေ့အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီ ကျော်ကဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။ ကွမ်းယာဆိုင်ပိုင်ရှင် ဇော်ဝင်းဆိုသူဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးခွမြို့ပေါ် အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ပြီ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊သုံးခွမြို့ပေါ်ရဲ့ အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ဆိုင်းသွားပြီလို့ သိရပါတယ်။ သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ခုရှိတဲ့အနက် ယမန်နေ့နေခင်းပိုင်းအထိ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သာ နုတ်ထွက်ဖို့ကျန် ခဲ့ရာက အခုအခါ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း နုတ်ထွက်သွားခဲ့ပြီလို့ ဒေသခံ နွေဦးတော်လှန်ရေးစာမျက်နှာ TGA [ဆက်လက်ဖတ်ရှုရန်]