ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။

ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။

‘ စစ်ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားတယ်။တပ်သားတစ်ဦး အခင်းဖြစ်တဲ့နေရာမှာပဲခေါင်းပွင့်ပြီးသေသွားတယ်။ဒဏ်ရာရတဲ့လူ၄ဦးကတော့ စိုးရိမ်ရတယ်’လို့  ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။

ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ခေတ်မီလက်နက်အင်အားမရှိသလောက်အခြေအနေမို့ မိုင်းခွဲတိုက် ခိုက်တဲ့နည်းကိုသာ အဓိကအားပြုနေကြတာပါ။