စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် PDFတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း ကျဆုံးခဲ့ရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ဦးထက်မနည်း ကျဆုံးခဲ့ရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၂၆ရက်နေ့ မနက် ၁၁နာရီလောက်မှာ စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းချထားတဲ့ မြစ်သာဆည်အနီးတဝိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
ဒီကနေ့ အချိန်အထိ မြစ်သာဆည်အနီးတဝိုက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရာအရပ်ဒေသတွေမှာ နေထိုင်ကြဖို့နဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြု နေထိုင်ကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။