ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော ဆယ်ကတော့ ချင်းပြည်နယ်မှာ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ရောက်နေပြီ။ထန်တလန်ကိုလည်း တိုက်နေပြီလို့ သတင်းကြားရတော့ ထိုးစစ်ဟာ ချင်းပြည်နယ်ကို စမယ်ထင်ပါတယ်’လို့ ယင်းမာပင် အ ခြေစိုက် ပြောက်ကျားရဲဘော်တစ်ဦးကသုံးသပ်ပါတယ်။

ချင်းပြည်နယ်သို့ ထောက်ပို့လမ်းကြောင်းမှာ  ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတည်ရှိနေတာကြောင့် ယင်းမာပင်၊ဆားလင်းကြီး၊ပုလဲ အစရှိတဲ့မြို့တွေကို အဖျားခတ်နိုင်တယ်လို့လည်းသူကဆိုပါတယ်။

‘ပြီးတော့ ပုံတောင်ပုံညာပေါ့။ဒီလမ်းကြောင်းဟာ ချင်းပြည်နယ်တက်ဖို့လုံးဝအရေးပါတယ်’လို့ သူက ပြောပါတယ်။

မကြာသေးမီကာလတုန်းကလည်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ထိုးစစ်ဆင်မယ်ဆိုတဲ့ ကောလာဟလသတင်းနှစ်ကြိမ်ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒေသခံပြောက်ကျားတို့ မိုင်းဆွဲခြင်းဒဏ် အကြီးအကျယ်ခံနေရတဲ့ မကွေးတိုင်း၊စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်တို့ကို စစ်အုပ်စုအနေနဲ့ အင်အားအခိုင်အမာနဲ့ စစ်ကြောင်းထိုးနိုင်ဖွယ်ရှိတယ်လို့သိရပါ တယ်။