တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

၁၃၊အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုတပ်ဟာ တင့်ကားအပါအဝင်စစ်အင်အားအများအပြားနဲ့ ချင်းပြည်နယ်၊ဖလမ်း မြို့ကို ရောက်ရှိလာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေတက်လာတဲ့ စစ်ကားအစီး ၅၀ ဟာ လမ်းမှာ ၂ ညအိပ်ပြီးနောက် မနေ့ညက ဖလမ်းမြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။

ဒီမနက်မှာ ဖလမ်းမြို့ကနေ ဟားခါးဘက်ကို စစ်ကား ၆စီး နဲ့ သံချပ်ကာ ၂ စီး စတင်ထွက်ခွာသွားပြီလို့လည်းဆိုပါတယ်။

ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်မှာလည်း ဒီအပတ်အတွင်း အကြမ်းဖက်စစ်ယာဉ်တန်းတွေ ယောက်ယက် ခတ်သွားလာနေတယ်လို့ ဒေသတွင်းပြောက်ကျားတပ်တွေကဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုတပ်တွေဟာ တွေ့ရာခရီးသွားပြည်သူတွေကို ဖမ်းဆီးပြီး ပြည်သူတွေနဲ့ခရီးသွားကားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတဲ့အကြောင်းဒါ့ကြောင့်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဆက်လက်ချီတက်နိုင်တဲ့ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းကို ပြည်သူတွေအနေနဲ့ သေရေး၊ ရှင်ရေးကိစ္စကလွဲလို့ ခရီးသွားလာခြင်း လုံးဝ မပြုကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

Photo – CJ