စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

၁၃၊ အောက်တိုဘာလ၊၂၀၂၁။

စစ်ကိုင်းတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။

အောက်တိုဘာ၁၁ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၁၆၂ဉီး နုတ်ထွက်ထားပြီး ဒုတိယအများဆုံးကတော့ ၉၇ဦးနုတ်ထွက် ထားတဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။

တတိယအများဆုံးမှာ ၅၈ဦးနုတ်ထွက်ထားတဲ့မကွေးတိုင်းဖြစ်ပြီး ပဲခူးတိုင်း-အယောက်၂၀၊ ကရင်ပြည်နယ်၁၀ဦး၊ရခိုင်ပြည်နယ်-၇ဦး၊ ချင်းပြည်နယ်-၄ဦး၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂ဦးစီနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ တနသ်ာရီတိုင်းတို့မှာ တစ်ဦးစီ ဖြစ်ပါတယ်။

‘ကျွန်တော်တို့ရန်ကုန်တိုင်းမှာဆိုရင် ခရမ်းမြို့နယ်မှာ အုပ်ကြီးတွေအများဆုံးထွက်တာတွေ့ရတယ်။ဒါကလည်း ဒေသခံ PDF တွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ပွဲ ဝင်မှုတွေနဲ့ ဆိုင်မယ်ထင်တယ်’လို့ ရန်ကုန်၊လှိုင်မြို့နယ်၊၂ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

ခရမ်းမြို့နယ်မှာ စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူးအနည်းငယ်သာ ကျန်ပါတော့တယ်။ရေစကြိုမြို့နယ်နဲ့ ထီးချိုင့်တို့ဟာလည်း အုပ်ချုပ်ရေးမှူး နုတ်ထွက်မှု အများဆုံးမြို့နယ်တွေပါ။