အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။ 

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်သို့ သံချပ်ကာယာဥ်၂စီးနဲ့ တက်လာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ဒေသခံ ပြောက် ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က ပြောပါတယ်။

ဒီနေ့မနက်မှာအကြမ်းဖက်စစ်ယာဥ်တန်းဟာ ကလေးဘက်ကိုတပ်ကူသွားဖို့ ပုလဲမြို့နယ်ထဲ ဖြတ်သန်းလာတာဖြစ်ပြီး ပြည်သူ့ တော်လှန်ရေးတပ်(PRA)နဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အမနက်၈နာရီလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

‘ကျွန်တော်တို့နှစ်ဖွဲ့ပေါင်းပြီး စစ်ခွေးတွေအလစ်အငိုက်မှာ မိုင်းဆွဲခဲ့တာ။စုစုပေါင်းမိုင်း၄ကြိမ်ဆွဲခဲ့တယ်။ပထမ၊ မိုင်းဆွဲတာ ၂၅ယောက်လောက်သေတယ်။ပြီးတော့ပုလဲPDFက မိုင်းထပ်ဆွဲတယ်။ဒီကောင်တွေထပ်ထိတယ်။ပြီး တော့ တပ်ကူလာတဲ့ယာဥ်တန်းကို မိုင်းထပ်ဆွဲတာ မသေဘူးဆို ၂၅ယောက်ပဲ။ပြီးတော့ နောက်ထပ်တစ်ကြိမ် ပေါ့။’ လို့  ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့၀င် ဗိုလ်စောကပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ယာဥ်တန်းအခြေအနေမလှတဲ့အတွက် ဂန့်ဂေါဘက်က လူ၅၀လောက်ပါတဲ့ အကြမ်းဖက်စစ် ကားတစ်စီး ရောက်ရှိလာပြီး နှစ်ဖက်ညှပ်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့ ပြည်သူ့တော်လှန်ရေးတပ်ရောပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ အထိအခိုက်အကျအရှုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

‘ဒီကောင်တွေရဲ့ထုံးစံအတိုင်းပေါ့။သူတို့ဘက်ကကောင်းကောင်းထိတယ်ဆိုတော့ အနီးနားက ရွာထဲဝင်မွှေတယ်။ အိမ်မီးရှို့တယ်။ပစ္စည်းတွေကို ဗြောင်ယူသွားတယ်။’လို့ ဗိုလ်စောကဆက်ပြောပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်ထဲမှာတော့ ဒီနေ့မနက်ပိုင်းမှာ နှစ်ကြိမ် တိုက်ပွဲဖြစ် ခဲ့ပြီး အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။