ဧရာဝတီတိုင်းရှိ ရေကြောင်းလမ်းတွေကို ပိတ်ဆို့ စစ်ဆေးနေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း အတွင်းရှိမြိုတွေမှာ ရေကြောင်းလမ်းတွေကိုပါ စစ်အုပ်စုက ပိတ်ဆိုစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အောက်တိုဘာလ ၃၀ရက်နေ့က ပုသိမ်မြစ်အတွင်းမှာသွားလာနေတဲ့ ခရီးသည်တင်ရေယာဥ်၊ကုန်တင်ရေ ယာဉ်တွေနဲ့ စက်လှေ ဆိပ် ကူးတိုဆိပ် သင်္ဘောဆိပ်တွေမှာ ဆိုက် ကပ်ထားတဲ့ စက်လှေ ၊သင်္ဘောနဲ့ လှေ သမ္မန်တွေကို တက်ရောက်စစ်ဆေး ရှာဖွေတာတွေပြုလုပ်ခဲ့ပါတယ်။

စက်လှေ၊သဘေင်္ာတွေထဲက ကုန်ပစ္စည်းထားတဲ့ နေရာတွေကို မိုင်းရှာတပ်ဖွဲတွေနဲ့ ၀င်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပြီး လုံခြုံရေးအရ လက်နက်နဲ့ဗုံးတွေရှာတာလိုပြောတယ်လို ပုသိမ်မြိုကရေယာဥ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ပုသိမ်၊ဘိုကလေး၊ ဖျာပုံ ၊လပွတ္တာ၊ ဒေးဒရဲမြိုတွေမှာ ပင်လယ်ထွက်ပေါက်တွေကိုပါ ပိတ်ဆို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ အတွင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ပုသိမ် ငပုတော သာပေါင်း ငရုတ်ကောင်း ကန်ကြီးထောင့် သစ်တောတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက PDFတွေရှိတယ်လို စွပ်စွဲပြီး စစ်ကြောင်းထိုးရှာဖွေကာ ဒေသခံအချိုကို ဖမ်းဆီးထားခဲ့ပါတယ်။