ဒေသအလိုက် သတင်းကဏ္ဍ

ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ကျည်ဆံပို့ သတိ​ပေးခံရ

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စန်းကို သာပေါင်း PDFက ကျည်ဆံတစ်တောင့်ပို့ပြီး သတိပေးလိုက်ပါတယ်။ ကျေးရွာဒေသခံတွေကို ဖိနှိပ်ပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ကာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၄ဦးသေဆုံ

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၉ရက်နေ့က ကိုဗစ်လူနာ (၄)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။   ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၁)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တာပိန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေ ဘေးလွတ်ရာ အမြန်ပြောင်းဖို့ သတိပေး

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ တာပိန်ရေအားလျှပ်စစ်စီမံကိန်း တာပိန်ရေလှာင်ကန်မှ သတ်ရေးအမှတ်ထက် ကျော်လွန်နေတာကြောင့် ရေဖောက်ချဖို့ ပြင်ဆင်နေပြီး တာပိန်မြစ်ကြောင်းတလျှောက် ကျေးရွာတွေနဲ့ ဗန်းမော်မြို့နယ်အတွင်းက မြစ်ကြောင်းတလျှောက် ရပ်ကွက်၊ကျေးရွာအုပ်စုတွေ အနေနဲ့ ဘေးလွတ်ရာကို အချိန်မှီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂၀ကျော်သေပြီး လက်နက်တွေပါ ရရှိခဲ့တယ်လို့ CDF ထုတ်ပြန်

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ မင်းတပ်ဒေသ တိုက်ပွဲမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဆုံးမှုများခဲ့သလို လက်နက်တွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ်ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)က မနေ့ညက ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၅ရက်ကနေ ၁၈ရက်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲအခြေအနေတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံမြို့မှာ စစ်အုပ်စုက ပြည်သူတွေကိုလူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းချီနေ

၁၉ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အာဏာသိမ်းစစ်အုပ်စုတပ်ဟာ ရှမ်း-ကယားနယ်စပ်က ဒေသခံ ၁၀ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်လုံကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အခုလအတွင်း မြဝတီနယ်စပ်ကနေဝင်လာတဲ့ ထိုင်းပြန်မြန်မာလုပ်သား ၁၈၀၀ကျော်ရှိ

၁၉၊ ဩဂုတ်လ၊ ၂၀၂၁။ ကရင်ပြည်နယ် မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထိုင်းပြန်မြန်မာ လုပ်သားတွေကို အခုလကစပြီး ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့မှစကာ တစ်ရက်ခြား အယောက်၂၀၀နှုန်းနဲ့ လက်ခံပေးနေတာဖြစ်ပြီး ဩဂုတ်လ ၁၇ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့နယ်မှာ စစ်အုပ်စုရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်း AAPP အစီရင်ခံစာ ထုတ်ပြန်

၁၉၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတွေအပေါ် လူမဆန်တွေ ကျူးလွန်ခဲ့ရာမှာ ကနီမြို့နယ် တစ်ခုတည်းမှာပဲ ဇူလိုင်လအတွင်းက ပြည်သူ ၄၃ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ကြိမ်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ဩဂုတ်လ ၁၈ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီပဲယင်းမြို့မှာ ဩဂုတ်လ ၁၈ရက်နေ့ နေ့လည်ပိုင်းက NLDပါတီက လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့ရှိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ စိုင်ပြင်ကျေးရွာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနိုင်းမြို့နယ်မှာ စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KIAတိုက်ခိုက်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ တနိုင်းမြို့နယ် နမ်ဗျူချောင်းနဲ့ နမ်ဂျယ်ချောင်းအနီးမှာ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်ခန့်က စတင်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ KIAတို့အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။ နမ်ခမ်းကျေးရွာဟောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခလရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘုံသာအနီးမှာ အကြမ်းဖက်စစ်အုပ်စုသင်္ဘောကို KIAတိုက်ခိုက်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာနဲ့ ရွှေဘုံသာကျေးရွာ အနီးမှာ ဩဂုတ်လ ၁၈ရက်နေ့ ညနေ ၃နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သင်္ဘောဖြတ်လာချိန်မှာ KIAက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “သင်္ဘောကို ပစ်နေပြီ။ ကျောက်ကြီးနဲ့ ရွှေဘုံသာနားမှာပစ်နေတာ။ [ဆက်လက်ဖတ်ရှုရန်]