တနိုင်းမြို့နယ်မှာ စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KIAတိုက်ခိုက်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

တနိုင်းမြို့နယ် နမ်ဗျူချောင်းနဲ့ နမ်ဂျယ်ချောင်းအနီးမှာ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်ခန့်က စတင်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ KIAတို့အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။

နမ်ခမ်းကျေးရွာဟောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခလရ (၇၄)က စစ်အင်အားနဲ့

လက်နက်ရိက္ခာတွေ သယ်ယူပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် KIAက ကြားဖြတ်တိုက်ခိုက်ပြီး ဟန့်တားခဲ့ရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုတွေကို ဆက်တိုက်တိုးမြှင့်နေတာကြောင့် KIAနဲ့ စစ်အုပ်စုအကြား တိုက်ပွဲဖြစ်ပွါးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

Credit-Kachin News Group

Delta News Agency

Read Previous

၁၅ရက်အတွင်း KNUတပ်မဟာ(၅)နယ်မြေမှာ စစ်အုပ်စုနဲ့ ၅၆ကြိမ်တိုက်ပွဲဖြစ် စစ်အုပ်စုက တပ်ရင်းမှူးတစ်ဦးအပါအဝင် ၃၄ဦးသေ

Read Next

ဒီပဲယင်းမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို မတွေ့လို့ မိသားစုဝင်တွေကို ဖမ်းဆီး