ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု စခန်း၂ခုကို KIAသိမ်းပိုက်ပြီးနောက် ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နန့်စမ်း ၃ကျေးရွာက စစ်အုပ်စုတပ်စခန်းနဲ့ အောင်လင်းမှော်ဒေသမှာရှိတဲ့ တပ်စခန်း ၂ခုကို KIAက သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း နတ်မောက်မြို့ စျေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မစျေးကြီး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ကျော် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ည၉နာရီ ၄၃မိနစ်ခန့်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မကွေးတိုင်းမီးသတ်တပ်ဖွဲ့အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးရောင်းနေသူ ၂ဦးကို ကရင်နီပြည်ရဲဌာနက ဖမ်းဆီးအရေးယူ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၂ဦးကို ကရင်နီပြည်ရဲဌာန KSPက ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ ၇ရက်နေ့က နန်းမယ်ခုံမြို့ ခေါခူရှမ်းရပ်ကွက်က နေအိမ်တစ်ခုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ ၂လတာ ပုဒ်မ၁၄၄ ထုတ်ပြန်

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ ၂လတာ ပုဒ်မ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီနေ့ကစပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ၁၂ရက်နေ့အထိ ပုဒ်မ၁၄၄ထုတ်ပြန်ကြောင်း အကြမ်းဖက်စစ်အုပ်စုလက်အောက် ခံမြင်းမူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ‘PDF တွေကို ကြောက်နေရပြီလို့ ကြေညာလိုက်တာပေါ့။ကျွန်တော်တို့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက ရွာနှစ်ရွာကို အကြမ်းဖက်စစ်အုပ်စုက တစ်အိမ်တက်ဆင်း မိုင်းရှာဖွေခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်၇နာရီကနေ ၉နာရီကျော်အထိ အိမ်ခြေ၁၈၀လောက်ရှိတဲ့ မြကုန်းရွာကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ပြီး မနက် ၁၀နာရီကနေ ၁၂နာရီအထိ အိမ်ခြေ၁၀၀ကျော်ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာမြို့နယ်က ကစင်အုပ်ကြီး အပစ်ခံရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထက်ဆိုသူကို အမည်မသိသေနတ်သမားအဖွဲ့က စောင့်ဆိုင်းပစ်ခတ်သွားတာကြောင့် ကျည်ဆံထိမှန်ပြီး ဆေးရုံတင်ပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ ကနောင်မင်းသားကြီးလမ်းအတိုင်း ကားနဲ့မောင်းနှင်လာတဲ့ ကိုထက်ကို စစ်အုပ်စု [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့မှာ CDMဝန်ထမ်းကို ဖမ်းမမိလို့ မောင်ဖြစ်သူ လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီး

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်မှာ CDMပြုလုပ်နေတဲ့ သူနာပြုဆရာမကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ်မှာ မတွေ့ရှိတာကြောင့် အသက်မပြည့်သေးတဲ့ မောင်ဖြစ်သူ လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၁၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေးNLD ရုံး ဖောက်ခွဲဖျက်ဆီးခံရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊ရေးမြို့နယ် NLDရုံး ယမန်နေ့ ညနက်ပိုင်းအချိန်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။ ရေးမြို့အပြင်ဘက် မော်လမြိုင်သွားကားလမ်းဘေးမှာရှိတဲ့ ရေးမြို့နယ်NLDရုံးကို ၂၀၂၀ပြည့်နှစ်တုန်းကမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေ အပြင်မထွက်ရဲကြတဲ့ ညနက်ပိုင်းမှာ ဖောက်ခွဲခံရတာလို့ မွန် ပြည်နယ်အတွင်းရှိ ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့မှာ ဒလန်လို့နာမည်ကြီးနေတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး အပစ်ခံရ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထားဝယ်မြို့ ပိုကျွန်းရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက် ဒလန်လုပ်နေတယ်ဆိုတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည် မင်းကွက်ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မင်းကွက် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အသံဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခန့်မှာ ရပ်ကွက်ရုံးအနောက်လမ်း ရုံးမျက်နှာစာရှေ့မှာ [ဆက်လက်ဖတ်ရှုရန်]