ဒေသအလိုက် သတင်းကဏ္ဍ

သထုံ၊ပန်းတိန်ရိုးရွာနား အကြမ်းဖက်စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ ၄ဦးပွဲချင်းပြီးသေ

၂၅၊ဇန်နဝါရီလ၊၂၀၂၂။ မွန်ပြည်နယ်၊သထုံမြို့နယ်၊ ပန်းတိန်ရိုး ကျေးရွာအနီးမှာ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်း ဖက်စစ်သား ၄ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ ၊ မနက်၁ နာရီလောက်မှာ ကျိုက်ထိုဘက်ကနေ သထုံဘက် မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သပိတ်ကျင်းပြည်သူတွေ ညဘက်အပြင်မထွက်ဖို့ PDF ထုတ်ပြန်

၂၅၊ဇန်နဝါရီလ၊၂၀၂၂။ မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ ညဘက်အပြင်လုံးဝမထွက်ကြဖို့ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာချက်ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ပြည်သူအယောင်ဆောင် ထားတဲ့ အကြမ်းဖက်တပ်ကားတွေကို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူ တွေအနေနဲ့ မန္တလေး-ဗန်းမော်လမ်းနဲ့မန္တလေး-မိုးကုတ်လမ်း ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ်လမ်းပိုင်း မှာ ည၇နာရီကနေ မနက်၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုမှာ အကြမ်းဖက်တပ်အထိနာလို့ လေကြောင်းပစ်ကူ ၃ကြိမ်ယူ

၂၅၊ဇန်နဝါရီလ၊ ၂၀၂၂။  ဒီးမော့ဆိုတိုက်ပွဲဟာ တနေကုန်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အထိနာခဲ့တာကြောင့် လေကြောင်းပစ်ကူ၃ကြိမ်ယူခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)Uကထုတ်ပြန်ပါ တယ်။ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်နဲ့ (၅) မြောင်း စိုက်ကွင်းတို့ မှာ ဇန်နဝါရီလ (၂၄) ရက်နေ့ မနက်၆နာရီခွဲ ကစပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို မြို့မရဲစခန်းဘေးမှာ စခန်းချထားတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၅ဦးသေ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းနဲ့ ကပ်လျပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KA၊ KNDF၊ PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးသေဆုံးသွားခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်၁ရပ်ကွက်ထဲကအိမ်တွေကို အကြမ်းဖက်စစ်တပ် ဖောက်ထွင်းလုယက်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြဝတီမြို့နယ်၊လေးကေ့ကော်၁ရပ်ကွက်ထဲက အိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းလုယက်သွား တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယမန်နေ့၁၀နာရီကျော်လောက်က လေးကေ့ကော်၁ရက်ကွက်ထဲကိုဝင်လာပြီးအိမ် တွေကိုဖောက်ထွင်းလုယက်ခဲ့ရာ PDF တပ်ဖွဲ့တွေက ၆ရပ်ကွက်ကနေ ပစ်ခတ်တဲ့အခါကျမှ ပြန်ဆုတ်သွား တယ်လို့ Delta News [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မွန်မြို့တချို့က တရားမဝင်အာဏာပိုင်တွေ အကြီးအကျယ်အဂတိလိုက်စားနေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်အတွင်း ဒေသခံပြောက်ကျားတပ်ဖွဲ့အားနည်းတဲ့မြို့တွေမှာ လောင်းကစားဝိုင်း၊မူးယစ်ဆေး ဝါး အရောင်းအဝယ် နဲ့ စစ်အုပ်စုလက်အောက်ခံ အာဏာပိုင်တွေ အကြီးအကျယ် အဂတိလိုက်စားခွင့်ရနေတယ် လို့ သိရပါတယ်။ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်ထို၊ကျိုက်မရော၊မုဒုံစတဲ့ ခုခံတော်လှန်စစ်အားနည်းတဲ့ မြို့ တွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ ရဲမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ရဲမိန်းမ စစ်သားမိန်းမတွေကို ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေတယ်လို့ အရာတော်မြို့နယ်အတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ အရာတော်ရဲစခန်းအတွင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်တိုက်ပွဲအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းNUG တောက်လျှောက်ဖြည့်တင်းနေ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လေးကေ့ကော်တိုက်ပွဲအတွက်လိုအပ်တဲ့ လက်နက်ခဲ ယမ်းဖြည့်တင်းမှုကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တောက်လျှောက်ဆောင်ရွက်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ “NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတခုအပေါ်မှာ သဘောတူညီချက် ဖောက်ဖျက်ကျူး လွန်မှုပဲပေါ့။ KNU/KNLA အနေနဲ့ ကျနော်တို့မြင်သလောက် စစ်ကောင်စီရဲ့ ကျူးကျော်မှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့မှာ အဝိုင်းပတ်က အလံနက်ကို လာဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မြို့လယ်အဝိုင်းပတ်မှာ လွှင့်ထူထားတဲ့ အလံနက်ကို လာဖြုတ်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက်၉နာရီခန့်မှာ မြို့လယ်အဝိုင်းပတ်မှာ ထောင်ထားတဲ့ အလံနက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးခရိုင် တရားရုံးမှာ ဗုံးပေါက်

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနဲ့ ၃၄လမ်းမှာရှိတဲ့ မန္တလေးခရိုင် တရားရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦးအတွင်းပိုင်းနဲ့ မှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက် ၁၀နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]