ဒီးမော့ဆိုမှာ အကြမ်းဖက်တပ်အထိနာလို့ လေကြောင်းပစ်ကူ ၃ကြိမ်ယူ

၂၅၊ဇန်နဝါရီလ၊ ၂၀၂၂။

 ဒီးမော့ဆိုတိုက်ပွဲဟာ တနေကုန်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အထိနာခဲ့တာကြောင့် လေကြောင်းပစ်ကူ၃ကြိမ်ယူခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)Uကထုတ်ပြန်ပါ တယ်။

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်နဲ့ (၅) မြောင်း စိုက်ကွင်းတို့ မှာ ဇန်နဝါရီလ (၂၄) ရက်နေ့ မနက်၆နာရီခွဲ ကစပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

စံပြ(၆) မိုင်ကနေဟိုဖိတ်နဲ့(၅) မြောင်း အထိ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်က အထိနာ ခဲ့တာကြောင့် ညနေ ၄နာရီ၄၅မိနစ်လောက်မှာ  လေကြောင်းပစ်ကူ  အဖြစ်ရဟတ်ယာဉ်နဲ့ (၃) ကြိမ် လာရောက် ပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

 

အဲဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဖွဲ့ ဝင်ရဲဘော်တစ်ဦးခြေထောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအတွင်းရှိသူတို့ရဲ့ သတင်း ပေးနဲ့ နောက်မီးဆွဲ သူခိုး စုစုပေါင်း ၃ဦးကို ရှင်းလင်းကာ တော်လှန်ရေး တပ်ဖွဲ့တွေက  ပြည်သူကို သတ်နေတယ်လို့ ဆိုရှယ်မီဒီယာပေါ်ဝါဒဖြန့်နေကြောင်းလည်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို စစ်တပ်ယူနီဖောင်းဝတ်ပေးကာ လမ်းပြနဲ့လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ နဲ့သူတို့ရဲ့ လက်ပါးစေ သူခိုးအုပ်စု တွေကိုအကာအကွယ်ပေးပြီး ပြည်သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူစေခြင်းတို့  ပြုလုပ်နေကြောင်း အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရုံတင်မက ပြည်သူတွေရဲ့ အသိုက်အမြုံနဲ့ရိက္ခာတွေကို ဖျက်ဆီးခြင်းနဲ့ လူသားမျိုးနွယ်တွေအ‌ပေါ် ရာဇဝတ်မှု ကျူးလွန်နေကြောင်း ထုတ်ပြန်ပါတယ်။