ဒီးမော့ဆို အနောက်ခြမ်းက အရပ်သား နေရာတွေကို စစ်အုပ်စုကဗုံးကြဲ

Photo- DMO PDF
ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်ပွဲမဖြစ်ဘဲ အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်​နေ့ မနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကနေလည်း တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅ လုံးနဲ့ မူကြိုကျောင်း တစ်ကျောင်းပျက်စီးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်အချို့လည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ဖေဖေါ်ဝါရီလ တစ်လအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ ၃၅ ကြိမ်ထိပစ်ခတ်ခဲ့တာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ DMO PDFက ဆိုပါတယ်။