လေးကေ့ကော်တိုက်ပွဲအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းNUG တောက်လျှောက်ဖြည့်တင်းနေ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေ့ကော်တိုက်ပွဲအတွက်လိုအပ်တဲ့ လက်နက်ခဲ ယမ်းဖြည့်တင်းမှုကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တောက်လျှောက်ဆောင်ရွက်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။

“NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတခုအပေါ်မှာ သဘောတူညီချက် ဖောက်ဖျက်ကျူး လွန်မှုပဲပေါ့။ KNU/KNLA အနေနဲ့ ကျနော်တို့မြင်သလောက် စစ်ကောင်စီရဲ့ ကျူးကျော်မှုကို သူတို့အနေနဲ့လည်း ခုခံတွန်းလှန်ဖို့အတွက်နည်းကလွဲလို့ တခြားမရှိဘူးပေါ့။ အဲတော့ PDF တွေအနေနဲ့ မူလက ဒီဧရိယာမှာ စစ်တိုက်ဖို့ ရည်ရွယ်ချက်မရှိပါ ဘူး။ ဒါကြောင့်လည်း သူတို့ကို သေသေချာချာ လက်နက်တပ်ဆင်ပေးထားတာမရှိခဲ့ဘူးပေါ့။ အခုတော့ အခြေအနေက တောင်းဆိုလာလို့ PDF တွေလည်း မဟာမိတ်နဲ့ လက်တွဲပြီးတော့ ဒီဧရိယာမှာ တိုက်ပွဲဝင်နေကြပါပြီ။ လိုအပ်တဲ့ လက်နက်ခဲ ယမ်းဖြည့်တင်းမှုကိုလည်း မဟာမိတ်များနဲ့ပူးပေါင်းပြီးတော့မှ တောက်လျှောက် ဆောင်ရွက်နေတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က RFA သတင်းဌာနနဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။

လေးကေ့ကော်တိုက်ပွဲမှာ ခံစစ်ရှင်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အသာစီးယူထားနိုင်တယ်လို့ လည်းကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှတ်ချက်ပြုပါတယ်။

“ဒီတိုက်ပွဲမှာ ကျနော်တို့ သိလိုက်ရတာ တခုရှိပါတယ်။ အဲဒါကတော့ စစ်ကောင်စီရဲ့ စစ်အင်အားနဲ့ပတ်သက်လို့ သူ့ရဲ့ကြည်း တပ်ဟာ တော်တော်ချည့်နဲ့ပြီဆိုတာကို တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုမပါရင် စစ်မတိုက်ရဲတော့ဘူးဆိုတဲ့ အနေအထားပေါ့။ ” လို့ ဦးရည်မွန်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က လေးကေ့ကော်မြို့အပါအဝင်၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူနဲ့ ပဟိကလော် ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တဲ့အပြင် လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာ သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့တဲ့အပြင် လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှောင်နေရ တယ်လို့ သိရပါတယ်။

Delta News Agency

Read Previous

အကြမ်းဖက်စစ်အုပ်စုကိုပိတ်ဆို့ဒဏ်ခတ်တာတွေ တိုးမြှင့်ဖို့ RSF တောင်းဆို

Read Next

ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီ၂၀ကျော် မြန်မာမှာအထည်ချုပ်ဖို့ အပ်နှံတာရပ်