တန့်ဆည်မြို့မှာ အဝိုင်းပတ်က အလံနက်ကို လာဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မြို့လယ်အဝိုင်းပတ်မှာ လွှင့်ထူထားတဲ့ အလံနက်ကို လာဖြုတ်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက်၉နာရီခန့်မှာ မြို့လယ်အဝိုင်းပတ်မှာ ထောင်ထားတဲ့ အလံနက်ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖြုတ်ယူစဉ်မှာ တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ရဲဘော်အဖွဲ့ကတော့ ထိခိုက်သူမရှိမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြို့လယ်အဝိုင်းမှာ အလံနက်လွှင့်ထူခဲ့တာဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်လာခြင်းမရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လှည့်လုံး ခြောက်လုံးတွေကို သတိထားနေထိုင်ကြဖို့ တန့်ဆည်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

တိုက်ပွဲတွေမှာ အလံနက်လွှင့်ထူခြင်းဟာ မသေမချင်းတိုက်ခိုက်သွားမယ်လို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။