မွန်မြို့တချို့က တရားမဝင်အာဏာပိုင်တွေ အကြီးအကျယ်အဂတိလိုက်စားနေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်အတွင်း ဒေသခံပြောက်ကျားတပ်ဖွဲ့အားနည်းတဲ့မြို့တွေမှာ လောင်းကစားဝိုင်း၊မူးယစ်ဆေး ဝါး အရောင်းအဝယ် နဲ့ စစ်အုပ်စုလက်အောက်ခံ အာဏာပိုင်တွေ အကြီးအကျယ် အဂတိလိုက်စားခွင့်ရနေတယ် လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်ထို၊ကျိုက်မရော၊မုဒုံစတဲ့ ခုခံတော်လှန်စစ်အားနည်းတဲ့ မြို့ တွေမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ် ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အစွမ်းကုန်အား ကောင်းနေတယ်လို့ မော်လမြိုင်၊ချောင်းဆုံနဲ့ကျိုက်ထိုမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

‘ကျွန်တော်တို့ မော်လမြိုင်တို့ ချောင်းဆုံတို့ မုဒုံတို့မှာ စိတ်ကြွဆေးပြားနဲ့ ဘိန်းစာရွက်အပေါ် အခြေခံလုပ်တဲ့ အာစီယံလို့ခေါ်လို့ မူးယစ်ဆေးရည်တွေ အာဏာသိမ်းပြီးနောက်ပိုင်း အရမ်းပေါတယ်။ရဲတွေတော်တော်အလုပ် ဖြစ်တယ်။မင်းအောင်လှိုင်မပြုတ်ခင်လေးမှာ ရတုန်းအကြီးအကျယ်လာဘ်စားတာ’လို့ မော်လမြိုင်မြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ချောင်းဆုံမြို့နယ်အတွင်း မူးယစ်ဆေးအရောင်းအဝယ်ဟာ တရားဝင်လို ဖြစ်နေပြီး ဝယ်လမ်းရွာဘက်ခြမ်းမှာ လောင်းကစားဝိုင်းတွေ နေ့စဉ်လုပ်နေတယ်လို့ ချောင်းဆုံမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးကပြောပါတယ်။

‘ရဲခွေးတွေ တော်တော်စီးပွားဖြစ်နေတယ်။တရားမဝင်တာမှန်သမျှ လာဘ်စားပြီးလုပ်ခွင့်ပေးတာ။မကျေနပ်လို့ ဖေ့စ်ဘွတ်ခ်ပေါ် တက်ရေးတဲ့သူကို ဖမ်းပြီးငွေညှစ်လိုက်သေးတယ်’လို့ သူကပြောပါတယ်။

ကျိုက်ထိုမြို့နယ်နေ အငြိမ်းစားဝန်ထမ်းတစ်ဦးက ကျိုက်ထိုမြို့ပေါ်ကစစ်အုပ်စုရဲ့ မြို့နယ်အုပ်ချုပ်ရေးအာဏာ ရှိသူတွေဟာ နည်းလမ်းမျိုးစုံနဲ့ လာဘ်စားနေကြတယ်လို့ဆိုပါတယ်။

‘ဂိတ်စောင့်တဲ့ရဲနဲ့စစ်သားကလည်း ဆိုင်ကယ်လိုင်စင်မပါလို့ဆိုပြီးငွေညှစ်တာပဲ။အဝေးပြေးဂိတ်မှာတာဝန်ကျ တဲ့ကောင်ကလည်း အဝေးပြေးယာဉ်တွေဆီကနေ ငွေတောင်းတာပဲ။သူဌေးတွေကိုလည်း နိုင်ငံရေးနဲ့ပတ်သက်သ လိုနဲ့ဖမ်းပြီးငွေညှစ်တာပဲ။အကုန်ရတဲ့အပေါက်ကနေ လာဘ်စားတယ်’လို့ သူကပြောပါတယ်။

Delta News Agency

Read Previous

အရာတော်မှာ ရဲမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေ

Read Next

လေးကေ့ကော်၁ရပ်ကွက်ထဲကအိမ်တွေကို အကြမ်းဖက်စစ်တပ် ဖောက်ထွင်းလုယက်