လေးကေ့ကော်၁ရပ်ကွက်ထဲကအိမ်တွေကို အကြမ်းဖက်စစ်တပ် ဖောက်ထွင်းလုယက်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြဝတီမြို့နယ်၊လေးကေ့ကော်၁ရပ်ကွက်ထဲက အိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းလုယက်သွား တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယမန်နေ့၁၀နာရီကျော်လောက်က လေးကေ့ကော်၁ရက်ကွက်ထဲကိုဝင်လာပြီးအိမ် တွေကိုဖောက်ထွင်းလုယက်ခဲ့ရာ PDF တပ်ဖွဲ့တွေက ၆ရပ်ကွက်ကနေ ပစ်ခတ်တဲ့အခါကျမှ ပြန်ဆုတ်သွား တယ်လို့ Delta News Agencyရဲ့ မြေပြင်ကင်းထောက်ကသတင်းပေးပို့ပါတယ်။

‘အိမ်တွေကိုဖောက်တယ်၊သူတို့လိုချင်တာယူပြီး မလိုချင်တာကိုဖျက်ဆီးတယ်။PDF တွေတိုက်မှပြန်ဆုတ် တယ်’လို့ သူကပြောပါတယ်။

PDF တွေက ၆ရပ်ကွက်တောင်ကုန်းပေါ်ကနေတိုက်ခိုက်တာကြောင့် အကြမ်းဖက်တပ်ဟာ အမြောက်ကုန်းပေါ်ကနေပြီး လက်နက် ကြီးတွေနဲ့ ၁၅လုံးလောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

‘မနေ့ကလက်နက်ကြီးကျည်တွေ ၆ရပ်ကွက်ထဲက လူနေအိမ်တွေထဲ ကျတယ်လို့သိရတယ်’လို့ သူပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အမြောက်ကုန်း၊လေးကေ့ကော်အုပ်ချုပ်ရေးရုံးနဲ့ မယ်ဝါးခီးရွာတို့မှာတပ်စွဲထားပြီး မယ်ဝါးခီးရွာထဲက ကား၊ဆိုင်ကယ်နဲ့ အိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းလုယက်ခဲ့တယ်လို့ လည်း သိရပါတယ်။

လေးကေ့ကော်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ‘မယ်ဝါးခီးရွာထဲကနေ ကားတွေဆိုင်ကယ်တွေဆွဲထုတ် တယ်။ပစ္စည်းတွေဆွဲထုတ်ပြီး ရိက္ခာကားနဲ့ တင်သွားတယ်လို့သိရတယ်’လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လေးကေ့ကော် ၁ ရပ်ကွက်တင်မက ၂ရပ်ကွက်ထဲက အိမ်တွေကိုဖောက်ထွင်းလုယက် ခဲ့သေးတယ်လို့ သူကပြောပါတယ်။

Delta News Agency

Read Previous

မွန်မြို့တချို့က တရားမဝင်အာဏာပိုင်တွေ အကြီးအကျယ်အဂတိလိုက်စားနေ

Read Next

စစ်ရေးအရ စွန့်စားမှုတွေကို ရပ်တန့်လိုက်ဖို့ တရုတ်ကို ထိုင်ဝမ် သတိပေး