မြဝတီ၊သင်္ဃန်းညီနောင်မှာတိုက်ပွဲဆက်ဖြစ်နေပြီး အာရှလမ်းမလည်းပိတ်နေ

ဧပြီ၊ ၄

ကရင်ပြည်နယ်၊မြဝတီမြို့ အာရှလမ်းမပေါ်က ဒေါနတောင်ကြားနဲ့ သင်္ဃန်းညီနောင်မြို့သစ်ထိပ်နားမှာ စစ် ကောင် စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ဒီကနေ့နေ့လယ်ပိုင်းကစလို့တိုက်ပွဲဖြစ်နေပြီး အာရှလမ်းမလည်း ဖြတ်သန်းသွား လာလို့မရဘဲ ပိတ်ထားတယ်လို့ မြဝတီဒေသခံတွေက DNA ကိုပြောပါတယ်။

“တိုက်ပွဲကနေ့လယ်နှစ်နာရီ လောက်ကစဖြစ်တာ၊ ဘယ်ကပစ်လဲတော့မသိဘူး၊ အဲ့ဒီမှာတွဲကားလေးစီးဘီးတွေ ပေါက်ပြီးလမ်းပေါ်တင်နေတယ်၊ပိတ်တာကတော့ညနေလေးနာရီလောက်ကပိတ်တယ်လို့သိရတယ်၊ခုကဘယ်မှမထွက်ရဲဘူး၊ခုထိလဲစက်လက်သံတွေရောလက်နက်ငယ်သံတွေရောတောက်လျှောက်ကြားနေရတယ်”လို့ သူက ပြောပါတယ်။

သင်္ဃန်းညီနောင်မြို့သစ်ထိပ် အာရှလမ်းမပေါ်က ချစ်ကြည်ရေးဆီဆိုင်အနီးမှာ တွဲကားတွေက လမ်းမပေါ်မှာ ကန့် လန့်ခံပိတ်ဆို့နေပြီး ပစ်ခတ်မှုတွေလည်းဆက်တိုက်ဖြစ်နေတာကြောင့် မြဝတီနဲ့ သင်္ဃန်းညီနောင် ဒေသခံတွေ အပြင်ထွက်သွားလာမှုမရှိကြတော့ဘူးလို့ဆိုပါတယ်။

“သိရသလောက်တော့ PDF တွေဘက်က အရင် ဝင်လာပြီး၊ အဲနားမှာ ရပ်နေတဲ့ ကုန်ကားတစီးရဲ့ ဘီးတွေကို ပစ် ဖောက်ပြီးတော့ လမ်းပေါ် ကန့်လန့်ရပ်ထားတယ်၊ အဲ့ကနေပဲ အခုချိန်ထိ ပစ်ခတ်သံတွေကြားနေရတယ်။ ဘယ်သူ ကမှ မသွားရဲပါဘူး၊ ဟိုက ပစ်နေတာလေ၊ အဲနားက လူတွေကတော့ အပြင်ထွက်ပြေးရမှာလည်း ကြောက်နေ ကြတယ်လို့ ပြောတယ်”လို့ မြဝတီ-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းတခုက ယာဉ်မောင်းတဦးက ပြောပါ တယ်။

လက်ရှိပစ်ခတ်မှုတွေကြောင့် မြဝတီမြို့အထွက် သင်္ဃန်းညီနောင် အာရှလမ်းမကို ပိတ်ထားရပြီး ကားတွေကတော့ မြဝတီဘက်မှာ ပိတ်မိနေတာရှိသလိုတခြားလမ်းပိုင်းတွေကနေတဆင့်သွားကြတဲ့ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

 “အခုအဲ့မှာ ဖြစ်တော့ ဒီဘက်မှာ ပြန်ဆင်းမယ့်ကားတွေ ပိတ်နေတာ ရှိတာပေါ့၊ ပြန်ဆင်းလို့မရဘူးလေ၊ အဓိက ကားကြီးတွေပါ၊ မြဝတီမြို့ကနေ တခြားလမ်းပိုင်းကနေတဆင့် သွားလို့ရတယ်၊ ဒါပေမယ့် အဲလမ်းက ကုန်တင် ယာဉ်အကြီးတွေ သွားလို့မရဘူး၊ ကားသေးတွေပဲ သွားလာလို့ရတယ်ပေါ့၊အခုဒီလိုဖြစ်နေတော့ ဘယ်သူမှတော့ သွားရဲကြမှာ မဟုတ်ဘူး” လို့မြဝတီ-မော်လမြိုင်ကိုအသုံးပြုနေကျယာဉ်မောင်းတဦးက ပြောပါတယ်။

 ပြီးခဲ့တဲ့ မတ်လအတွင်းကစလို့ သင်္ဃန်းညီနောင်မြို့သစ်အပါအဝင် မြဝတီမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဆက် တိုက်ဖြစ်ခဲ့ပြီး မနေ့ကလည်း သင်္ဃန်းညီနောင်ကနေ မြဝတီကိုပြန်လာတဲ့ စစ်ကောင်စီကားတစီးကို ပစ်ခတ် တိုက် ခိုက်ရာကအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ ကော်ဘရာ စစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားလေးဆယ်လောက်လိုက်ပါလာတဲ့ ဖောကားတစီးကို တော်လှန်ရေး အင်အားစု တွေက စတင်ပစ်ခတ်ခဲ့တာဖြစ်ကာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးသူတွေရှိပြီး တော်လှန်ရေးပူးပေါင်း တပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဒီကနေ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ အခြေအနေအသေးစိတ်ကိုတော့မသိရသေးသလိုKNLA ပူးပေါင်းတပ်တွေ ဘက်က သတင်းထုတ်ပြန်လာတာလည်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာလည်း မြဝတီကုန်သွယ်ရေးဇုန်နဲ့သင်္ဃန်းညီနောင်ရဲစခန်းကို ကော် ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ၁၁ ဦးသေဆုံးကာ ဒုရဲမှူး အပါ