ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း ဒီနေ့ သင်္ဂြိုဟ်မယ်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မအူပင်မြို့ မြို့မရဲစခန်းက သူခိုးလို့စွပ်စွဲကာ ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁နာရီမှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့ စစ်ဆေးရေးဂိတ်ဗုံးပေါက် စစ်အုပ်စုဝင် ၄ဦးထက်မနည်းသေ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း မတ္တရာမြို့က မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာ မန္တလေး-မိုးကုတ်လမ်း မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဥသျှစ်ပင်မြို့က CDMဆရာမနဲ့ တစ်နှစ်ခွဲအရွယ်သားကို စစ်အုပ်စုဖမ်းဆီး

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပန်းတောင်းမြို့နယ် ၊ဥသျှစ်ပင်မြို့က CDM ဆရာမနဲ့ အသက် ၁နှစ်ခွဲအရွယ် သားဖြစ်သူကို နိုဝင်ဘာ၁၁ရက်နေ့ည ၁၁နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်အုပ်စုတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ဖမ်းသွားတဲ့ ၉တန်းကျောင်းသားအပါအဝင်ကျား၃ဦးရဲ့အလောင်းကို လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာတွေနဲ့ပြန်တွေ့

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဖမ်းဆီးသွားတဲ့ ၉တန်းကျောင်းသားအပါအဝင် ကျား၃ဦးရဲ့အ လောင်းကို လက်ပြန်ကြိုးတုတ်ထားလျက် သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်တွေ့ရပါတယ်။ နိုဝင်ဘာ၇ရက်နေ့က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှမ်းကလုံးရွာနားမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့၃ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုထုတ်ကုန် ရောင်းဝယ်နေတဲ့ ဆိုင်တွေကို စစ်ကိုင်းတိုင်း PDFအရေးယူမယ်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို စစ်ကိုင်းတိုင်းအတွင်း ရောင်းဝယ်တာတွေ မလုပ်ကြဖို့ စစ်ကိုင်းတိုင်း PDFက သတိပေးလိုက်ပြီး မလိုက်နာရင် အရေးယူအပစ်ပေးသွားမယ်လို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ဆိုင်တွေမှာ စစ်အုပ်စုထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ Adman [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

​​မင်းတပ်-မတူပီလမ်းတလျှောက်တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်အုပ်စုက သေဆုံးသူများပြား

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းတလျှောက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF-MINDATတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စု သံချပ်ကာကားမှ စက်သေနတ်ပစ်သူအပါအဝင် ၁၀ဦးကျော် သေဆုံးခဲ့တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မွန်းလွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာမှာ ကျေးရွာက ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်ပျောက်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်း ရဲတပ်သား ကောင်းမြတ်ဇော်ဝင်းက ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ရမ်းကားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စိုင်ပြင် ရဲစခန်းမှူးရဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ကား မိုင်းခွဲခံရပြီး မီးလောင်

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းမှ ရေဦးမြို့နယ်ရဲစခန်းကို ပြောင်းရွေ့ဖို့ စခန်းမှူးရဲ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားတစ်စီး မိုင်းခွဲခံရပြီး ကားတစ်စီးလုံး မီးလောင်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ နေ့လည်ပိုင်းမှာ စိုင်ပြင်ရဲစခန်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျော့ချဖို့အတွက် MNDAAရဲ့ တစ်ခွဲ ၃ခု ဆုတ်ခွာပေးခဲ့ရ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAတို့အကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုံးကိုးဒေသအတွင်း စစ်ရေးတင်းမာနေမှုတွေကို လျှော့ချနိုင်ဖို့အတွက် MNDAAရဲ့ မုံးကိုးဒေသမှာ တပ်စွဲထားတဲ့ တပ်ခွဲ ၃ခုကို ပြန်လည်ဆုတ်ခွာစေခဲ့ တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လမ်းမတော် ထွေအုပ်ရုံးအနီး ရပ်နားထားသည့် ကားတစ်စီးအနီးမှာ ဗုံး၆ကြိမ်ပေါက်ကွဲပြီး ကားမီးလောင်

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးအနီးမှာ ဗုံး ၆ကြိမ်ပေါက်ကွဲပြီး ကားတစ်စီးမီးလောင်သွားခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက် မနက် ၇နာရီ ၃၀မိနစ်ခန့်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]