ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်အတွင်းက စစ်အုပ်စုရဲ့ရေယာဉ်ကို PDFတွေပေါင်းတိုက်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာနဲ့လူအင်အားပို့ဆောင်ဖို့ ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ယင်းမာပင် PDFနဲ့ ကနီ PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ကျဆုံးသူ များပြားနိုင်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၆ရက်နေ့မှာ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါးသိုင်းချောင်းမြို့မှာ သံဃာတော်တစ်ပါးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ငါးသိုင်းချောင်းမြို့မှာ အရက်မူးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သံဃာတော်တစ်ပါးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၅ရက်နေ့ မနက် ၁၀နာရီ ၄၅မိနစ်ခန့်မှာ ရင်းရှည်ကျေးရွာမှာ လက်ထောက်ကျောင်းတိုက်ဆရာတော် ဥူးကုသလဟာ သူရဲ့မယ်တော်ဖြစ်သူရဲ့ အုတ်ဂူကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နယ်မြေ မင်္ဂလာဒုံမှာ အုပ်ကြီးတစ်ဦး အပစ်ခံရ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုကြီးစိုးတဲ့ မင်္ဂလာဒုံမြို့နယ်မှာ စစ်အုပ်စုကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ရက်နေ့ မနက် ၅နာရီခန့်မှာ ကုန်းတလပေါင်းစံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာ စက်ရုံဆင်းအလုပ်သမားတွေကို သွားရောက်ပို့ဆောင်ပြီး အပြန် တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြထောင်အတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

၂၆၊ အောက်တိုဘာလ၊၂၀၂၁။ ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြအကျဉ်းထောင်အတွင်းမှာ ပုဒ်မ ၅၀၅-ကနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအင်ဟုတ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ဇွန်လ ၃ရက်နေ့မှာ စတင်ဖမ်းဆီးခံထားရတဲ့ ဦးအင်ဟုတ် အသက် (၆၈)နှစ်ဟာ ထောင်အတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ စတင်ဖွဲ့စည်း

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ လက်နက်ကိုင် ခုခံစစ် ဆင်နွှဲဖို့ မြောင်မြို့နယ်မှာ အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအအဖွဲ့ Myaung Women Warriors -MWW ကိုစတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူချိန်ကစတင်ပြီး သပိတ်စစ်ကြောင်းတွေမှာ ကျားမတန်းတူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုပ်ကြီးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်သွားမယ်လို့ ခရမ်းPDF ပြော

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးပြန်လုပ်မယ့်သူတွေကို ပြတ်ပြတ်သားသား ကိုင် တွယ်သွားမယ်လို့ ခရမ်းPDFတာဝန်ရှိသူတစ်ဦးကပြောကြားလိုက်ပါတယ်။ အောက်တိုဘာ၁၃ရက်နေ့မှာ ခရမ်းမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်မကျန် နုတ်ထွက်ခဲ့ပြီး နောက် တစ်ပတ်လောက်အကြာမှာ နုတ်ထွက်အုပ်ချုပ်ရေးမှူးများစွာတို့ဟာ တိုးတိုးတိတ်တိတ်အ လုပ်ပြန်ဝင်ခဲ့ ကြတဲ့အပေါ် Delta [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်အချို့ ပျက်စီးနေပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့ အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ မြိုစစ်ဘေးရှောင်စခန်းဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ ရက္ခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်အုပ်ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံသွားစစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊၁၀ဦးထက်မနည်း သေ

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊လွိုင်ကော်ကနေ ဖယ်ခုံဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့မနက်ပိုင်းက စစ်ကား၅စီးပါယာဉ်တန်းကို မိုးဗြဲPDF နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF BO-3)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုကို မခန့်မှန်းနိုင်ဘူးလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်ရွာအချို့ကို အကြမ်းဖက်စစ်တပ် ခြိမ်းခြောက်မှု ပိုပြင်းထန်လာ

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို PDF ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုပြင်းထန်လာနေပြီလို့ သိရပါတယ်။ စစ်အုပ်စုတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရတိုင်း ပြောက်ကျားရဲဘော်တွေကို ဖမ်းမမိကြသလို အဲဒီလိုဖမ်းမမိတိုင်း မိုင်းဆွဲခံရတဲ့နေရာဝန်းကျင်က ရွာတွေကို PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြရည်နန္ဒာအိမ်ယာကို စစ်အုပ်စုက ပိတ်ဆို့ထားပြီး စစ်ဆေးနေ

၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။ မနေ့က မြရည်နန္ဒာအိမ်ယာအနီးက အားကစားကွင်းက စစ်အုပ်စုရဲ့အစောင့်ကင်း ဗုံးခွဲခံရပြီးနောက်မှာ မြရည်နန္ဒာအိမ်ယာကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၄ရက်နေ့ မနက်ပိုင်းက စတင်ကာ မြရည်နန္ဒာအိမ်ယာဝန်းရဲ့ ဝင်ပေါက်၊ထွက်ပေါက်အားလုံးကို စစ်အုပ်စုက ပိတ်ဆို့ထားပြီး [ဆက်လက်ဖတ်ရှုရန်]