တောင်ငူ အမှတ်၂ နယ်မြေရဲစခန်းမှူး ကိုဗစ်နဲ့သေ

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းသန်းဟာ ဩဂုတ်လ ၁၄ရက်နေ့ ညပိုင်းမှာ ကိုဗစ်ရောဂါနဲ့ အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံလူမှုရေးအဖွဲ့တွေထံက သိရပါတယ်။

ဒုရဲမှူးဝင်းသန်းရဲ့ ဇနီးဖြစ်သူဟာလည်း ကိုဗစ်ရောဂါနဲ့ မကြာမှီရက်ပိုင်းအတွင်းက ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ပါ ဆေးဝါးကုသမှုခံယူနေစဉ် အသက်ရှုကြပ်ပြီး သေဆုံးသွားတာပဲဖြစ်ပါတယ်။

ဒုရဲမှူးဝင်းသန်းဟာ တောင်ငူမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြတဲ့ ပြည်သူတွေကို ပထမဆုံး သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့သူလည်းဖြစ်ပြီး၊ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ရဲအုပ်ရာထူးကနေ ဒုရဲမှူးရာထူးကို တိုးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။