လူသားချင်းစာနာမှုအကူအညီအတွက် အမေရိကန်က မြန်မာကို ဒေါ်လာသန်း ၅၀ ကူညီမယ်

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှု‌ နောက်ဆက်တွဲကြောင့် လူသားချင်း စာနာမှု အကူအညီ အရေးတကြီးလိုအပ်နေသူတွေအတွက် အမေရိကန်နိုင်ငံက ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ကျော် ကူညီမယ်လို့ ဩဂုတ်လ ၁၀ရက်နေ့က ကြေညာခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ လူအမြောက်အများသေဆုံးခဲ့ကြရပြီး စစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ မြင့်တက်ခဲ့ကာ လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း အခုလိုကြေညာတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၅ သန်းကူညီမယ်လို့ လည်း ကြေညာပါတယ်။