တက်မယ့်သူနည်းလို့ ဗိုလ်လောင်းလျောက်လွှာလက်ခံမယ့်ရက် ထပ်တိုးထားရ

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်တက္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာ လက်ခံမယ့်ရက်ကို ဩဂုတ်လကုန်အထိ ထပ်တိုးလိုက်တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာမှာ ကြေညာခဲ့ပါတယ်။

လျှောက်လွှာလက်ခံမယ့်ရက်ကို ကနဦး ဩဂုတ်လ ၄ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပေမယ့် လျှောက်လွှာတင်မယ့်သူနည်းပါးလို့ ဩဂုတ်လ ၃၁ရက်နေ့အထိ ထပ်တိုးလိုက်တာပါ။

 

ဖေဖော်ဝါရီ ၁ရက် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူအပေါ် တရားလက်လွတ် ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေကြောင့် အာဏာသိမ်းစစ်အုပ်စုဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ ပုံရိပ်ကျဆင်းပြီး ပြစ်တင်ရှုတ်ချခံနေရတာ ဖြစ်ပါတယ်။