ပုသိမ်မှာ ကိုဗစ်​ကြောင့်​သေ​ဆုံးသူ တ​ထောင်နီးပါးရှိလာ

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၀ရက်နေ့က ကိုဗစ်လူနာ (၁၂)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၆)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၆)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၉၁)ဦးအပါအ၀င် စုစုပေါင်း (၉၉၁)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ဇူလိုင်လအတွင်း လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခ ဖြစ်စဉ် ၃၅၀ကျော် ဖြစ်ပွားခဲ့တယ်လို့ NUG ထုတ်ပြန်

Read Next

တက်မယ့်သူနည်းလို့ ဗိုလ်လောင်းလျောက်လွှာလက်ခံမယ့်ရက် ထပ်တိုးထားရ