မြောင်းမြမြို့ မြောက်ပိုင်းဗလီက အောက်ဆီဂျင်တိုင်းစက်တွေကို ကာလဒါနရောင်းချ

၅၊ ဩဂုတ်လ၊ ၂၀၂၁။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြင်ပစျေးကွက်မှာ စျေးနှုန်းမြှင့်တင်ရောင်းချနေတဲ့ အောက်ဆီဂျင်တိုင်းစက်တွေကို မြောင်းမြမြို့ မြောက်ပိုင်းဗလီမှာ စက်တစ်ခုကို ခြောက်ထောင်ကျပ်နှုန်းနဲ့ တစ်ဦးကို တစ်လုံးနှုန်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။


ပြင်ပစျေးကွက်မှာ ကျပ်နှစ်သောင်းကနေ ကျပ် ခုနှစ်သောင်းခန့်ထိ စျေးနှုန်းမြင့်တက်နေတဲ့ အောက်ဆီဂျင်တိုင်းစက်တွေကို အခုလို စျေးသက်သာစွာနဲ့ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
ကိုဗစ် တတိယလှိုင်းအတွင်းမှာ အစ္စလမ်လူမှုရေး အဖွဲ့အစည်းတွေဟာ ပြည်သူတွေ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတာ လှူဒါန်းပေးတာအပြင် ကျန်းမာရေးအရ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေကိုလည်း မျှဝေပေးနေတာကို တွေ့ရှိရပါတယ်။