ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၇)ဦးသေဆုံး

၅၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၅ရက်နေ့က ကိုဗစ်လူနာ (၁၇)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ စစ်တပ်ဆေးရုံမဆရ(၄)က (၁)ဦး၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၁)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၈၃)ဦးအပါအ၀င် စုစုပေါင်း (၈၉၃)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

မြောင်းမြမြို့ မြောက်ပိုင်းဗလီက အောက်ဆီဂျင်တိုင်းစက်တွေကို ကာလဒါနရောင်းချ

Read Next

ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ကြောင်း ကြေညာတာဟာ နိုင်ငံရေးဘောင်ကျဉ်းစေတယ်လို့ PPSTပြော