ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား၂ဦး အရှင်ဖမ်းမိ

ကျောက်ဆည်ကန်တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား၂ဦး အရှင်ဖမ်းမိ

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူများပြီး တပ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ မတ်လ ၆ရက်နေ့ မနက်ပိုင်းက စပြီး ကျောက်ဆည်ကန်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီးမော့ဆိုPDF၊ လွိုင်ကော်PDF၊ ဖယ်ခုံPDF၊ ကရင်နီတပ်မတော် KA၊ KNDFနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။…

Read More
သစ္စာဖောက် KNG နဲ့ပျူစောထီးတွေကို ထိရောက်စွာဒဏ်ခတ်အရေးယူမယ်

သစ္စာဖောက် KNG နဲ့ပျူစောထီးတွေကို ထိရောက်စွာဒဏ်ခတ်အရေးယူမယ်

မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းချီရာမှာ ဦးဆောင်လမ်းပြခဲ့တဲ့ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG) နဲ့ ပျူစောထီးတွေကို ထိရောက်စွာ ဒဏ်ခတ်အရေးယူသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက်က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း နယ်မြေအနေအထား၊ ဒေသတွင်းအခြေအနေနဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) – ကယန်းအမျိုးသားကာကွယ်ရေးတပ်…

Read More
ဒီးမော့ဆိုမှာ ခုခံတိုက်ပွဲပြင်းထန်၊ အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေ

ဒီးမော့ဆိုမှာ ခုခံတိုက်ပွဲပြင်းထန်၊ အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း မတ်လ ၅ ရက်နေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၅ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲရွာနဲ့ ဒေါနော်ကူးရွာအကြားမှာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်တပ်ကို ဒီးမော့ဆို PDF နဲ့ KGZ တပ်တို့ပူးပေါင်းပြီး ခုခံတိုက်ပွဲဆင်နွှဲခဲ့သလို ဘုရားငုတ်တိုရွာ၊ကျောက်ဆည်ကန်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို ဒီးမော့ဆို PDF၊ ဒေသတွင်း မဟာမိတ်…

Read More
ဒီးမော့ဆိုကို စစ်အုပ်စု စစ်ကြောင်း ၄ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ဒီးမော့ဆိုကို စစ်အုပ်စု စစ်ကြောင်း ၄ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်စတင်နေတယ်လို့ KNDF B-02 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်က စတင်ပြီး စစ်အုပ်စုရဲ့ လွိုင်ကော်အခြေစိုက်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ပြီး အင်အား ၃၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း ၄ ကြောင်းဟာ ဒီးမော့ဆိုမြို့ကို ထိုးစစ်စတင်နေတာပဲဖြစ်ပါတယ်။ KNDF နဲ့ PDF…

Read More
ဒီးမော့ဆို ၃ ရက်တာတိုက်ပွဲ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေ

ဒီးမော့ဆို ၃ ရက်တာတိုက်ပွဲ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၅ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးရွာနဲ့ ပူဖါးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ KNDF၊ KA ၊ လွိုင်ကော် PDF နဲ့ တခြားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ၃ ရက်တာ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ဘက်က…

Read More
ဆင်တောင်ကျေးရွာမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ အလောင်း ၃လောင်းတွေ့

ဆင်တောင်ကျေးရွာမှာ စစ်အုပ်စု မီးရှို့ခဲ့တဲ့ အလောင်း ၃လောင်းတွေ့

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်တစ်ခုအတွင်း မီးရှို့ခဲ့တဲ့ အလောင်း ၃လောင်းကို တွေ့ရှိရတယ်လို့ KNDF ဖယ်ခုံဇုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့မှာ KNDF ဖယ်ခုံဇုံက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ အခုလို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ မီးရှို့ခံထားရတဲ့ အလောင်း ၃လောင်းဟာ အရပ်သားပြည်သူတွေဖြစ်ပြီး ရိက္ခာပြန်လည်ယူစဉ်မှာ စစ်အုပ်စုဖမ်းဆီးသတ်ကာ မီးရှို့ခဲ့တာပဲဖြစ်ပါတယ်လို့ သိရပါတယ်။ သေဆုံးသွားသူတွေကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ ကရင်နီပြည် ရဲဌာနက စုံစိမ်းစစ်ဆေးနေပါတယ်။…

Read More
ဒီးမော့ဆိုမြို့ကိုဦးတည်ပြီး စစ်အုပ်စုက အင်အားအများပြားနဲ့ စစ်ကြောင်းထိုး

ဒီးမော့ဆိုမြို့ကိုဦးတည်ပြီး စစ်အုပ်စုက အင်အားအများပြားနဲ့ စစ်ကြောင်းထိုး

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့ကို ဦးတည်ပြီး အကြမ်းဖက်စစ်အုပ်စုက အင်အား ၅၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ လွိုင်ကော်PDFက ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့မှ စတင်ကာ မိုးဗြဲဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မတ်လ ၄ရက်နေ့အထိ တိုက်ပွဲတွေ နေ့စဉ်ကို ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။ စစ်မျက်နှာစာလည်း ကျယ်ပြန့်လာခဲ့ပြီး မိုးဗြဲ၊ နန့်မယ်ခုံကနေ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာနားအထိကို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ လွိုင်ကော်PDFက ဆိုပါတယ်။…

Read More
ဒီမောဆိုနဲ့ဖယ်ခုံ ပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရကြောင်း UNOCHA ထုတ်ပြန်

ဒီမောဆိုနဲ့ဖယ်ခုံ ပြည်သူ ၃၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရကြောင်း UNOCHA ထုတ်ပြန်

ဒီမောဆိုနဲ့ဖယ်ခုံ မြို့နယ်ထဲက ပြည်သူ ၃၀၀၀ ကျော်ဟာ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ကစပြီး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒီမောဆိုနဲ့ဖယ်ခုံမြို့နယ်ထဲက ပြည်သူ ၃၃၇၀ ဦးတို့ဟာ ဒီမောဆိုအနီးတစ်ဝိုက်နဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ရပ်စောက်၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေဆီ အိုးအိမ်စွန့်ထွက်ပြေးကြရတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)…

Read More
ဒီးမော့ဆို အနောက်ခြမ်းက အရပ်သား နေရာတွေကို စစ်အုပ်စုကဗုံးကြဲ

ဒီးမော့ဆို အနောက်ခြမ်းက အရပ်သား နေရာတွေကို စစ်အုပ်စုကဗုံးကြဲ

ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်ပွဲမဖြစ်ဘဲ အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်​နေ့ မနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်ကနေလည်း တာဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅ လုံးနဲ့ မူကြိုကျောင်း တစ်ကျောင်းပျက်စီးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်အချို့လည်း ထိခိုက်မှုတွေ…

Read More
ဒီမောဆိုက စစ်ရှောင်အများဆုံးရှိတဲ့ရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်

ဒီမောဆိုက စစ်ရှောင်အများဆုံးရှိတဲ့ရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်

စစ်ဘေးဒုက္ခသည်တွေ အများဆုံးရှိတဲ့ ဒီမောဆိုမြို့နယ်၊ လိုဘာခိုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(လွိုင်ကော်ဇုန်) က ထုတ်ပြန်ပါတယ်။အင်တာနက်လိုင်း ပြတ်တောက်မှုတွေလည်း အရင်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကရင်နီ စစ်ရှောင်စခန်းတွေ ထပ်မံရွှေ့ပြောင်းကြရပြီး ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က စစ်ရှောင်တွေ ပြောင်းရွှေ့နိုင်ဖို့အတွက် သွားရောက်ကူညီပို့ဆောင်ပေးခဲ့တဲ့အကြောင်းနဲ့ စစ်ရှောင်ပြည်သူတွေ တနေရာရာကိုရွှေ့ပြောင်းကြရတာ အင်မတန်ခက်ခဲကြတာကြောင့် နီးစပ်ရာ ဝိုင်းဝန်းကူညီပေးကြဖို့ အထူးမေတ္တာရပ်ခံတဲ့အကြောင်း ကရင်နီပြည်…

Read More