ဒီးမော့ဆိုမြို့မဈေးနား အကြမ်းဖက်စစ်တပ် ဖြတ်တိုက်ခံရ၊၃ ဦးသေဆုံး

PHOTO-KNDF-BO19
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မဈေးနားမှာ အကြမ်းဖက်စစ်တပ် အလစ်အငိုက်ဖြတ်တိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆို မြို့မရဲစခန်းကနေ ကင်းထောက်ထွက်လာတဲ့ အကြမ်းဖက်တပ်ကို အလစ်အငိုက်မှာ ဖြတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF) တပ်ရင်း (၁၉) က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်ကနေ ၁၂ နာရီခွဲအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။