နှစ်ပတ်တာအတွင်း စစ်တပ်နဲ့ KNLA တပ်မဟာ (၅) တိုက်ပွဲ ၁၈၀ ကျော်ဖြစ်ပွား၊ စစ်သား ၉၀ နီးပါးသေ

PHOTO-ကေအဲန်ယူ-မူတြော် သတင်းစဉ်
မေလနှစ်ပတ်တာအတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNLA တပ်မဟာ ၅ ကြားရင်ဆိုင်တိုက်ပွဲ အကြိမ် ၁၈၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်သား ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်၊ သူ့ရဲ့ခါးပိုက်ဆောင်နယ်ခြားစောင့်တပ်နဲ့ KNLA တပ်မဟာ ၅ တို့ဟာ ရင်ဆိုင်တိုက်ပွဲပေါင်း ၁၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၈၈ ဦးသေဆုံးကာ ၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဒီကနေ့ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲတွေမှာ KNLA တပ်မဟာ ၅ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ပတ်တာအတွင်း အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တို့ဟာ ပြည်သူတွေနေထိုင်ရာကျေးရွာတွေနဲ့ ဉယာဉ်ခြံမြေတွေထဲ အမြောက်လက်နက်ကြီး (၇၂၈) လုံးပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူတစ်ဉီး သေဆုံးသွားပြီး (၈) ဉီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
KNLA တပ်မဟာ ၅ ရဲဘော်တွေဟာ အကြမ်းဖက်စစ်တပ် ထောက်ပို့လား (၁၃) ကောင်ကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီးစစ်တပ် ပို့ဆောင်ရေးယဉ် (၃) စီးနဲ့ စစ်ဆေးခန်းတစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ပုံစာ-မေ၁ရက်နေ့က ဘူးသိုမြို့နယ်၊ မယ်ညုထာကျေးရွာအတွင်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မီးလောင်နေပုံ။