စစ်ရှောင်အမြောက်အမြား ခိုလှုံနေတဲ့ရွာထဲ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျ၊ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

Photo – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ အမြောက်အမြား လာရောက်ခိုလှုံနေကြတဲ့ရွာထဲ အကြမ်းဖက်စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ၂ ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီး​မော့ဆိုမြို့နယ်၊ ​ဆောင်ဒူလာ​​ကျေးရွာအုပ်စုထဲက ​ရွာတစ်ရွာကို ငွေ​တောင်​အ​ခြေစိုက် ခလရ (၁၀၂) တပ်က ဇွန်လ ၁၀ ရက်နေ့ည ၉ နာရီလောက်က ​ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အိပ်​မောကျ​နေ​တဲ့ ဦးကိုရီ (၅၄နှစ်) ပွဲချင်း​သေဆုံးကာ အသက် (၅)​ နှစ်အရွယ်ကလေး (၁) ဦး၊ အသက် (၁၈) နှစ်အရွယ်သမီး (၁) ဦးနဲ့ ​ကျောင်းလာတက်​​တဲ့ အသက်(၁၅)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။
ရွာထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ညတွင်းချင်း တခြားရပ်ရွာဆီ တိမ်းရှောင်ခဲ့ရပါတယ်။
ဒီး​မော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်​တပ်လက်ချက်​ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၀၈)ဦး လောက် ​သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။