မြောင် အမျိုးသမီးစစ်သည်တော်တွေရဲ့လက်ရာ ချည်ထိုးအိတ်တွေကို ကျည်ဆန်ဝယ်ယူဖို့ ရောင်းချ

မိုင်းတွေထုတ်လုပ်နေတဲ့ မြောင်အမျိုးသမီးစစ်သည်တော်တွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ချည်ထိုးအိတ်တွေကို ကျည်ဆန်ဝယ်ယူနိုင်ရေးအတွက် မဲစနစ်နဲ့ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီး စစ်သည်တော်တွေ ပြုလုပ်ထားတဲ့ Macramé Market Bag အဖြူ ၁ လုံး၊ Macramé Market Bag အနက် ၁ လုံး၊ Macramé ဖုန်းအိတ် ၁ လုံးနဲ့ Macramé ဘက်စုံသုံးအလှလေး ၁ လုံးတို့ကို မဲစနစ်နဲ့ရောင်း ချပေးသွားမှာဖြစ်ပြီး Macramé Bag မဲရောင်းချမှုကနေ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြေပြင်မှာ အမှန်တကယ် လိုအပ်နေတဲ့ ကျည်ဆန်တွေဝယ်ယူသွားမယ်လို့ Myaung Women Warriors က ထုတ်ပြန်ပါတယ်။
‘ကျွန်မတို့ဟာ တော်လှန်ရေးစတင်ချိန်ကတည်းက မိုင်းတွေ ကိုယ်တိုင်ထုတ်ပြီး တော်လှန်ခဲ့သလိုပဲ အဖွဲ့ဝင်များရဲ့ တတ်ကျွမ်းသည့်လက်မှုအနုပညာဖြင့် Macramé Bag တွေ ထိုးပြီး တော်လှန်ရေးအတွက် ထောက်ပို့ပါဦးမယ်’လို့ Myaung Women Warriors ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Macramé Bag မဲတွေကို ဇွန်လ ၁၁ ရက်နေ့ ကနေ ဇွန်လ ၁၇ ရက်နေ့ ညအထိ ရောင်းချပေးသွားမှာ ဖြစ်ပြီးMyaung Women Warriors – M2W page ကနေ လက်မှတ်တစ်စောင်ကို ၅,၀၀၀ ကျပ်နဲ့ ကြိုက်သလောက် ၀ယ်ယူနိုင်ပါတယ်။
လက်မှတ်ခကို ပိုပေးလိုလည်းရသလို တစ်ယောက်တည်းနဲ့ လက်မှတ်တွေ အများကြီး၀ယ်ပြီး ထောက်ပို့ပေးကြဖို့လည်း Myaung Women Warriors ကမေတ္တာရပ်ခံလိုက်ပါတယ်။