ဘောလခဲက စစ်တပ်စခန်းတခုကို ကရင်နီ ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

ကရင်နီ(ကယား)ပြည်နယ်၊‌ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင်အ မာတပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KNDF နဲ့ PDF တပ်ဖွဲ့တွေက ဇန်နဝါရီ(၂၀)ရက် မနေ့က မနက် ပိုင်းမှာ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့KNDF ကသတင်းထုတ်ပြန်ပါတယ်။
 
နှစ်နာရီနီးပါး တိုက်ခိုက်ခဲ့ရတဲ့ အဲ့ဒီတိုက်ပွဲအပြီးမှာ ကာကွယ်ရေတပ်တွေက စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်း အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းငါးလောင်းတွေ့ရပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေကတော့ စခန်းစွန့် ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
စခန်းတိုက်ပွဲ ဖြစ်နေချိန်အတွင်း စစ်ကောင်စီက တိုက်လေယာဉ်တစီးနဲ့ သုံးကြိမ်တိုင်ပစ်ကူပေးခဲ့သလို ဘောလ ခဲအခြေစိုက် တပ်တွေကလည်း လက်နက်ကြီး အဆမတန် ပစ်ကူပေးနေတဲ့ကြားက စခန်းသိမ်းပိုက်နိုင်ခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။
 
အဲ့ဒီတိုက်ပွဲအတွင်း ၆၀မမ စိန်ပြောင်းနှစ်လက်၊RPG တလက်အပြင် ရိုင်ဖယ်သေနတ် လေးလက်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ လက်နက်တွေနဲ့ခဲယမ်းတွေ အများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး တခြား ထိခိုက်မှုအခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။
မယ်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲနဲ့တချိန်တည်းမှာပဲ ဘောလခဲမြို့တွင်းက စစ်ကောင်စီ ခြေကုပ်စခန်း တချို့ကိုလည်း KA နဲ့ KNDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။