စစ်အုပ်စု တပ်စွဲထားတဲ့ နောင်ပုလဲကျေးရွာနဲ့ အိုခူးရီကျေးရွာတွေကို ကရင်နီပူပေါင်းအဖွဲ့ ပြန်လည်သိမ်းပိုက်

Photo- KNDF
ကယားပြည်နယ် (ကရင်နီ) မှာ အကြမ်းဖက်စစ်အုပ်စုက တပ်စွဲထားတဲ့ နောင်ပုလဲကျေးရွာနဲ့ အိုခူးရီးကျေးရွာတွေကို KA နဲ့ KNDFတို့ ပူးပေါင်းကာ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ KNDF က ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ ၁၄ ရက်နေ့မှာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်စဉ်မှာတော့ စစ်အုပ်စုက အသုံးပြုတဲ့ နင်းမိုင်း ၁၁ လုံး၊ ၆၀မမ ၄ လုံး၊ လေယာဉ်ပစ်ဗုံးခွနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်အတွင်းမှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေပေမယ့် နယ်မြေစိုးမိုးနိုင်မှုတော့ မရှိခဲ့ပါဘူး။