သြဂုတ်၊ ၂၃ ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ ” စစ်ကောင်စီဘက်ကတော့ စစ်ကြောင်းထိုးလာတုန်းပဲ။ ဒီမနက်မှာပဲ (သြဂုတ် ၂၃) လေယာဉ်နှစ်ခါလာပြီး ငါးကြိမ်လောက် ဗုံးကြဲသွားတယ် ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက…
Read Moreဇူလိုင်၊ ၅ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကရင်နီဒေသက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လအတွင်း ကရင်နီဒေသမှာ မယ်စဲ့မြို့နယ် တပတ်ကြာတိုက်ပွဲ၊ ရွာသစ်-ဘောလခဲ လေးရက်ကျော်ကြာတိုက်ပွဲ တွေအပြင် မိုးဗြဲ၊ လွိုင်ကော်၊ ရှားတော၊ ဖရူဆို၊ ဒီးမော့ဆို မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲ ၂၃ ကြိမ်နဲ့ ဖယ်ခုံမြို့တွင်းမှာ လည်းတိုက်ပွဲငယ်တွေ ဖြစ်ခဲ့တယ်လို့…
Read Moreဇွန်၊ ၁၆ ထိုင်း-မြန်မာ နယ်စပ်၊ ကရင်နီပြည်နယ် ထဲက မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီရဲ့ အရပ်ဖက်ဝန်ထမ်းတွေလည်း ထွက်ပြေးကုန်ကြတယ်လို့ ကရင်နီပြည်နယ် စစ်ဘက်ရေးရာတွေနဲ့ ဒေသခံတွေဆီ စုံစမ်းသိရပါတယ်။ ” ကျွန်တော်တို့ လူတွေက အခုက မြို့ထဲထိအောင် ရောက်ကုန်ပြီလေ။ BP 13 ကုန်းကနေ လှမ်းပစ်နေတာပါ။ မြို့ကတော့ ပျက်ပြီပြောလို့ရတယ်။ မြို့က ရွာကြီးသာသာပဲ ရှိတယ်။ မြို့က အစိုးရ…
Read Moreဇွန်၊ ၁၃ ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီ (ကယား)ပြည်နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ တောင်လှစစ်စခန်းနဲ့ မယ်စဲ့ရဲစခန်းတို့ကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။ “ ကျနော်တို့လည်း စောစောကမှ အတည်ပြုရတယ်။ အဲဒီမှာ တိုက်ပွဲ ဖြစ်တာတော့ မှန်တယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကတော့ သေချာမသိရသေးဘူး။ သိရသလောက်ကတော့ လက်နက်ကြီး နှစ်လက် ဆုံးရှုံးရတာဆိုတော့ သူတို့ စစ်တပ်က…
Read Moreဇွန်၊ ၆ ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ပူးပေါင်းတပ်တွေကြား နှစ်နှစ်တာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာခဲ့ရာ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဆယ်ခုနဲ့ စစ်ဆေးရေးဂိတ်အချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ယမန်နေ့က ထုတ်ပြန်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ KNDF တပ်ဖွဲ့ဟာ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့…
Read Moreမေ၊ ၃၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့က နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင် (၁၅၃)ဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့တည်ထောင်ခြင်းနှစ်နှစ်ပြည့်အဖြစ် ဒီ ကနေ့ထုတ်ပြန်ရာမှာဖော်ပြထားပါတယ်။ ကရင်နီဒေသတွင်းမှာ အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာကစလို့ လက်ရှိအချိန်အထိ စစ်ကောင် စီ ကို ခုခံတိုက်ခိုက်နေတဲ့ အဲ့ဒီတပ်ဖွဲ့အနေနဲ့ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်းတထောင်ကျော်ပါ ဝင်တိုက်ခိုက်ခဲ့ ပြီး ပြီလို့ဆိုပါတယ်။ KNDF အနေနဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KNPP/KA၊ KNU/KNLA၊ MNDAA၊TNLA၊AA တပ်ဖွဲ့တွေဆီက စစ်သင်တန်းတွေနဲ့ စစ်ရေးနည်းနာတွေ၊လက်နက်ခဲယမ်းတွေနဲ့…
Read Moreမေ ၊ ၂၅ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းမှာ မေလ ၁၄ရက်ကနေ ၂၃ ရက်အထိ ဆယ်ရက်တာ တိုက်ပွဲတွေအတွင်း ရိုင်ဖယ်သေနတ်အများစု၊ ပခုံးထမ်းလောင်ချာ RPG နှစ်လက်အ ပါအဝင်လက်နက်မျိုးစုံ (၁၆)လက်သိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းနှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်ပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ဒေါလျားခူကျေးရွာအနီးတောင်တွေပေါ်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မေလ ၁၄ရက်ကစလို့ တန်ပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဆယ်ရက် ကြာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ် ကြီးတဦး ၊…
Read Moreမေ၊ ၂၁ ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၉တပ်ရင်းနဲ့ အမှတ် ၁၀ တပ်ရင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာတပ်ရင်းတွေက မနေ့ မေလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဖြစ်တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း (၁၀) က ရဲဘော်ခူးစိုးရယ် ကျဆုံးခဲ့တာဖြစ်ပြီး…
Read Moreမေ၊ ၁၁ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာမှာ မေလ ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း-၁၁ တပ်ရင်းမှူးနဲ့ ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးတို့ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီကနေ့ထုတ်ပြန်ပါတယ်။ မေလ ၈ ရက်က တောင်စလုံးကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ KNDF တပ်ရင်း –…
Read Moreဧပြီ၊ ၂၁ ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးပေါ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ အစီး ၂၀ ခန့် ရှိတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တချို့ ထိခိုက်ပျက်စီးသလို သေဆုံးမှုတွေ များပြားနိုင်တယ်လို့ သိရပါတယ်။ ဒီနေ့ (ဧပြီလ ၂၁)ရက် ၊နံနက် ၂ နာရီခန့်မှာ ဖယ်ခုံမြို့ဘက်ကနေ ဆင်းလာတဲ့ အဲဒီစစ်ကောင်စီယာဉ်တန်းကို လွိုင်ကော်-မိုးဗြဲကားလမ်းမကြီး တနေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း ၃ နဲ့ ဗိုလ်တထောင်တပ်ဖွဲ့…
Read More